အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် ဖယ်ခုံမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများ ပြန်လည်အခြေချနေထိုင်နိုင်ရေး လိုအပ်သည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် ဖယ်ခုံမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများ ပြန်လည်အခြေချနေထိုင်နိုင်ရေး လိုအပ်သည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်






နေပြည်တော်၊ ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အတွင်း KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ၂၀၂၄  ခုနှစ်၊ ဇန်နဝါရီလမှစ၍ အဆိုပါ မြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ ဝင်ရောက်ကာ ကျေးရွာများ အတွင်းရှိ နေအိမ်များကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ငန်းများ  လုပ်ဆောင်ခဲ့သည်။ 

ထိုသို့ လုပ်ဆောင်နေမှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများသည်  လက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်မတော်သို့ သတင်းပေးပို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြသဖြင့် တပ်မတော်နှင့် PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များပူးပေါင်း၍ အဆိုပါဒေသများအတွင်း လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သမားများသည် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ 

ထိုသို့ဆုတ်ခွာထွက်ပြေးစဉ် အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများ အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ ပြည်သူများ အား လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မ လုယက်ယူဆောင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သဖြင့်  ဒေသခံ တိုင်းရင်းသားများအနေဖြင့် ဘေးလွတ်ရာနေရာများ၌ ယာယီနေရပ်စွန့်ခွာ နေထိုင်ခဲ့ကြရသည်။ 

ယခုအခါ တပ်မတော်၏ နယ်မြလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု ကြောင့် နယ်မြေဒေသပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် အကြမ်း ဖက်သမားများ ဖျက်ဆီးသွားခဲ့သည့် ကျေးရွာများအတွင်း ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများ ပြန်လည်အခြေချ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေး၊  ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ယနေ့နံနက် ပိုင်းတွင် ဖယ်ခုံမြို့နယ်အတွင်းရှိ လမ်းဘေး ဝဲ/ယာ နေရာများနှင့် လုဒ်မယ်တော် ကျောင်း(မယ်တော်ဂူ)နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးကာ လုဒ်မယ်တော်ကျောင်း (မယ်တော်ဂူ) အတွက် အလှူငွေများပေးအပ်ပြီး အဆိုပါမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များအား နတ်တောဘုန်းတော်ကြီးကျောင်းတွင် ဆန်၊ ဆီ၊ စားသောက် ဖွယ်ရာများ၊ အလှူငွေများအား ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များသည် ဖယ်ခုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအ တွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)