တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ်၏ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ်၏ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်





မြိတ်၊ ဇန်နဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ပထက်ကျေးရွာရှိ အ.ထ.က (ပထက်) ကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ခဲ့ကြသည်။

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ ထိုနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အ.ထ.က (ပထက်) ကျောင်းသား/ သူများ၏ “မြန်မာပြည်မှာ စာပေပဒေသာဝေဆာစေ”၊ “သွေးချင်းတို့မြေ”၊ “တနင်္သာရီတိုင်းသို့လာခဲ့ပါ” တေးသီချင်းများဖြင့် ဖျော်ဖြေရေးအစီအစဉ်များကို ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကြည့်ရှုအားပေးခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ကျောင်းဝင်းအတွင်း ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျောင်းသား/ သူ (၁၂၀၀) ကျော် ပါဝင်နွဲပျော်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ/ရသစာအုပ်ပြပွဲ၊ စာပေအဆိုအမိန့်များ၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများ၊ အခြေခံပညာကျောင်းများမှ ပြသထားသည့် အသိပညာပေးပြခန်းများ ကြည့်ရှုအားပေးခဲ့ကြသည်။

ကျောင်းသား/ သူလူငယ်မောင်မယ်များသည် အနာဂတ်နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်ကြမည့် မျိုးဆက်သစ်နိုင်ငံ့သားကောင်းများဖြစ်ကြ၍ အရည်အချင်းရှိပြီး အသိပညာအတတ်ပညာပြည့်ဝကာ အနာဂတ်နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြမည့် လူငယ်မောင်မယ်များဖြစ်ကြသဖြင့် အသိပညာဗဟုသုတကြွယ်ဝစေရန် စာပေနှင့်ရင်းနှီးပြီး ဖတ်ရှုလေ့လာနိုင်စေရန်အတွက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ယနေ့အထိ အခြေခံပညာကျောင်း (၁၇) ကျောင်းတွင် ကျင်းပနိုင်ခဲ့ပြီဖြစ်‌ကြောင်း သိရသည်။


ခိုင်ထူး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)