နေပြည်တော်၊ ဇန်နဝါရီ ၇
Naypyitaw State Academy ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပရာ Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ လူမှုရေးပညာအထူးပြုမောင်မယ်သစ်လွင်ကျောင်းသား ကျောင်းသူများ၊ စီးပွားရေး၊ ဥပဒေ၊ အားကစား၊ ဆေးပညာအထူးပြု ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ တက္ကသိုလ်ကျောင်းသား ကျောင်းသူများက ထိပ်တန်းတက္ကသိုလ်တေးသီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ထို့နောက် Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ်(စီမံ)ဒေါက်တာ နုနုလွင်က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယပါမောက္ခချုပ် (သင်တန်း) ဒေါက်တာစိုးစိုးအောင်က သင်တန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက္ကသိုလ်ကျောင်းသား ကျောင်းသူများက Naypyitaw State Academy တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အစီအစဉ်အတိုင်း ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment