စလင်းမြို့နယ် ကူတိုအခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအခြေပြုတီဘီရောဂါရှိ/ မရှိ စမ်းသပ်စစ်ဆေးရှာဖွေခြင်းများ ဆက်လက်ဆောင်ရွက်, - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ် ကူတိုအခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအခြေပြုတီဘီရောဂါရှိ/ မရှိ စမ်းသပ်စစ်ဆေးရှာဖွေခြင်းများ ဆက်လက်ဆောင်ရွက်,

 



စလင်း , ဇန်နဝါရီ ၄


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူကလေးငယ်များအား ကျောင်းအခြေပြု တီဘီရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မှုများကို မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က၊ ကူတိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ကျန်းမာရေးဆရာ၊ ဆရာမများက ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား တီဘီရောဂါအကြောင်း သိမှတ်ဖွယ်ရာများကို ကျန်းမာရေးမှူး(၁) ဒေါ်အေးအေးငြိမ်းက ရှင်းလင်းပြောကြားဆွေးနွေး၍ ကျောင်းသား ကျောင်းသူကလေးငယ်များနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့သည်၊ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား တီဘီရောဂါရှိ/ မရှိ စမ်းသပ်စစ်ဆေးဆောင်ရွက်ခဲ့ပြီး လတ်တလောချောင်းဆိုးအချွဲကြပ်နေသူများကို တီဘီရောဂါပိုး ရှိ/ မရှိ စစ်ဆေးခြင်းများ ပြုလုပ်၍ လိုအပ်သည့်ဆေးကုသမှုများကို ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား ကျောင်းသူ ကလေးငယ်များအား ကျောင်းတက်ရောက်ပညာသင်ကြားနေစဥ်တွင် တီဘီရောဂါဖြစ်ပွားပါက တစ်ဦးနှင့်တစ်ဦး ကူးစက်ပြန့်ပွားခြင်းမရှိစေရန်နှင့် တီဘီရောဂါပိုးအား ကနဦးစောလျင်စွာ ချောင်းဆိုး၍ စစ်ဆေးတွေ့ရှိပါက ရောဂါကုသရန်ရည်ရွယ်၍ ကျန်းမာစွာဖြင့်ကောင်းမွန်စွာ ပညာသင်ကြားနိုင်ကြစေရန်အတွက် ယခုလိုကွင်းဆင်း ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆရာမ ဒေါ်အေးအေးငြိမ်းနှင့် ဒေါ်သင်းသင်းမွှေးတို့က ရှင်းလင်းပြောကြားကာ မြို့နယ်အတွင်း ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအလိုက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအခြေပြုကာကွယ်ဆေးများ ထိုးနှံပေးရာ၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက ပူးပေါင်းဆောင်ရွက်ကြကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


(မောင်လွင်)စလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)