ပေါင်မြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ









ပေါင်၊ ဇန်နဝါရီ ၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီက အထက ပေါင်ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းသူ‌ကျောင်းသားများက ပညာရေးစုံညီ သီချင်းတို့ဖြင့် စုပေါင်းသီဆိုဖျော်ဖြေကြပြီး မိဘဆရာအသင်း ဥက္ကဌ ဦးရဲအောင် ကအဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍  အထက ပေါင်ကျောင်းအုပ်ဆရာမကြီး  ဒေါ်ချိုလွင်ဦး က ပညာရေး စုံညီပွဲတော်ကျင်းပပေးရသည့်ရည်ရွယ်ချက်နှင့် ပေါင်မြို့နယ်အတွင်း ပညာရေးကဏ္ဍ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက်  တာဝန်ရှိသူတို့က လူရည်ချွန် ဘက်စုံထူးချွန်ဆု၊ မြို့နယ်အဆင့်သန့်ရှင်း၍စိမ်းလမ်းစိုပြေသောကျောင်းဆု၊ အဆိုအကအရေးအတီးပြိုင်ပွဲ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲဆု စသည့် ကဏ္ဍအလိုက် ဆုရရှိကြသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား ကျောင်းသူများက ဖျော်ဖြေရေး စုံညီ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)