ဇန်နဝါရီ- ၃ ( သောကြာနေ့ )
ဆောင်းရာသီတွင် ဖြစ်ပွားတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများက မနှစ်ကထက် ယခုနှစ်တွင် ပြင်းထန်မှု နည်းပါးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
"မြောက်ကမ္ဘာခြမ်းမှာ ဆောင်းရာသီ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုဟာ အမြင့်ဆုံးဖြစ်တတ်ပါတယ်" လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း က ဘေဂျင်းရှိ ဒေသတွင်းမီဒီယာသို့ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံတွင် အင်ဖလူရန်ဇာ အေ နဲ့ အခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ပျံ့နှံ့မှုဆိုင်ရာ မေးခွန်းအား မီဒီယာတွေ မေးတာကို ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံသို့ နိုင်ငံခြားသားများ သွားလာရန် အန္တရာယ်ကင်းကြောင်း ဝန်ကြီးဌာနက ဆက်လက်ပြောပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဆေးရုံတွေမှာ လူပြည့်နေတဲ့ ဗီဒီယိုတွေကို ပြသတဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာ တာကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလိုပဲ ဖြေရှင်းခဲ့ခြင်းဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အထူးသဖြင့် human metapneumovirus (HMPV)၊ ကျန်းမာရေးစောင့်ရှောက်မှုဌာနများအပြင် တရုတ်နိုင်ငံရှိ မီးသဂြိုလ်ရုံများသည် အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေရကြောင်း အစီရင်ခံစာအများအပြားက အကြံပြုထားပါတယ်။
“ရောဂါတွေက ပြင်းထန်မှုနည်းပြီး အရင်နှစ်တွေနဲ့ ယှဉ်ရင် ပျံ့နှံ့မှုနည်းပါတယ်” လို့ နင်း က ဆိုပါတယ်။ "တရုတ် အစိုးရဟာ တရုတ်နိုင်ငံတွင်းက တရုတ်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုတာ အာမခံနိုင်ပါတယ်။ တရုတ်နိုင်ငံမှာ ခရီးသွားရင် ဘေးကင်းပါတယ်" လို့ သူမက အာမခံခဲ့ပါတယ်။
ဆောင်းရာသီတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ အမျိုးသားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် လမ်းညွှန်ချက်များကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ကိုးကားဖော်ပြထားပါတယ်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း တရုတ်နိုင်ငံတွင် ပြင်းထန်သော တုပ်ကွေးရောဂါ ဖြစ်ပွားမှု သတင်းများ ပြည်ပသို့ ပျံ့နှံ့ခဲ့ပါတယ်။ တရုတ်နိုင်ငံသည် လွန်ခဲ့သည့် လအနည်းငယ်အတွင်း ပြင်းထန်သော အအေးဒဏ်ကို ခံစားခဲ့ရတဲ့အတွက်ကြောင့် ဆောင်းရာသီတွင် နှစ်စဉ်ဖြစ်ပွားသည့် တုတ်ကွေးရောဂါပျံ့နှံ့မှု ဖြစ်ခဲ့သော်လည်း ကျန်းမာရေးတာဝန်ရှိသူများက ထိန်းချုပ်နိုင်ခဲ့ပါတယ်။
REF - moneycontrol
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment