ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) အပြည်ပြည်ဆိုင်ရာ စစ်တုရင် ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) အပြည်ပြည်ဆိုင်ရာ စစ်တုရင် ပြိုင်ပွဲကျင်းပ




အမရပူရ၊ ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) အပြည်ပြည်ဆိုင်ရာစစ်တုရင် တစ်ဦးချင်းပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲကို ဇန်နဝါရီ ၁၃ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ပညာပြည့်ဝနှလုံးလှခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲအား စစ်တုရင်ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာစုစုဝင်းက စကွက်ရွှေ့ပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ထို့နောက် စစ်တုရင်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာဘာသာရပ် အသီးသီးမှ ပြိုင်ပွဲဝင်အမျိုးသား (၅၇)  ဦးနှင့် အမျိုးသမီး (၁၈) ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်းနှင့် ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်များအား ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ စစ်တုရင်ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးစကား ပြောကြားခဲ့သည်။

အဆိုပါ စစ်တုရင်ပြိုင်ပွဲကို ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် စစ်တုရင်ဥပဒေများနှင့်အညီ ဆွစ်စနစ်  (Swiss System) ဖြင့် (၇)ပွဲ ကစားရမည်ဖြစ်ပြီး တစ်ဦးချင်းနှင့် အသင်းလိုက် အရောပုံစံဖြင့် ကစားသွားမည်ဖြစ်ကြောင်းနှင့် စစ်တုရင်ပြိုင်ပွဲကို ဇန်နဝါရီ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


စိုးသီဟ(အမရ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)