မော်လမြိုင် ,ဇန်နဝါရီ ၅
မွန်ပြည်နယ်အစိုးရအဖွဲ့မှ တည်ခင်းဧည့်ခံသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ ညပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ဂုဏ်ပြုညစာစားပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး ညစာမသုံးဆောင်မီနှင့် သုံဆောင်နေစဉ်အတွင်း မြို့နယ်ဂီတအစည်းအရုံးမှ အနုပညာရှင်များနှင့် မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်မှ ဆရာမများက တေးသံသာများဖြင့် သီဆိုတီးမှုတ်ကပြခြင်း၊ တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြု ညစာစားပွဲတွင် ကပြသီဆိုတီးမှုတ်ဖျော်ဖြေပေးခဲ့ကြသူများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် မီးရှူးမီးပန်းများ ပစ်ဖောက်၍ ပျော်ရွင်စွာ ဆင်နွဲခဲ့ကြောင်း သိရှိရသည်။
စည်သူ
https://t.me/MyanmarNationalPost
No comments:
Post a Comment