မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပပြီးစီးမှုနှင့်ပတ်သက်သည့် ဦးစီးကော်မတီလုပ်ငန်းသုံးသပ်အစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပပြီးစီးမှုနှင့်ပတ်သက်သည့် ဦးစီးကော်မတီလုပ်ငန်းသုံးသပ်အစည်းအဝေး ကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ ၇

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပပြီးစီးမှုနှင့်ပတ်သက်သည့် ဦးစီးကော်မတီ လုပ်ငန်းသုံးသပ်အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဦးစီး ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယ ဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဆပ်ကော်မတီများမှ ဖိတ်ကြားထားသူများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခင်နှစ် (၂၄)ကြိမ်မြောက် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဦးရေ ၂၃၀၆ ဦး ယှဉ်ပြိုင်ခဲ့ပြီး ယခု(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၅၄၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသဖြင့် ပြိုင်ပွဲဝင်အင်အား ပိုမို တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ ယခုနှစ် တွင် အချို့သောဘာသာရပ်များ၌ ဆုအရေအတွက်ပိုမိုချီးမြှင့်ပေးခဲ့သဖြင့် ပြိုင်ပွဲဝင်များ၏ စိတ်ဓာတ် ခွန်အားကို ဖြစ်စေခဲ့ပြီး ပြိုင်ပွဲဝင်များအတွက် ရွှေ၊ ငွေ၊ ကြေးနှင့် ဒိုင်းတံဆိပ်ဆု စုစုပေါင်း ၅၅၀ ကို ပေးအပ်ချီးမြှင့်နိုင်ခဲ့ကြောင်း၊ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်က အလေးထားကာ နှစ်စဉ် ကျင်းပပြုလုပ်ပေးလျက်ရှိသည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး နောင်နှစ်ပေါင်းများစွာ ရှင်သန်ဖွံ့ဖြိုးတိုးတက်နေစေရေးအတွက် ပြိုင်ပွဲ၏ အားသာချက်၊ အားနည်းချက်များကို အလေးဂရုပြုပြီး ဝိုင်းဝန်းသုံးသပ် ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲကျင်းပပြီးစီးမှု နှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်၊ အကြံပြုသုံးသပ်ချက်များကို တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြော ကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက (၂၅)ကြိမ် မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေး မှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်း အနားတွင် တိုင်းရင်းသားတို့၏ ရိုးရာတူရိယာများကို စုပေါင်းတီးခတ် ဖျော်ဖြေနိုင်ရန်အတွက် ဦးဆောင် ကြိုးပမ်း ဖန်တီးပုံဖော်ဆောင်ရွက်ခဲ့သော သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှိုင်ဝင်းမောင်အား ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)