နေပြည်တော်၊ ဇန်နဝါရီ ၆
ဥပဒေအသိပညာ ဖြန့်ဝေခြင်း ဆင့်ပွားသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၆)၌ကျင်းပရာ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းကြီးကြပ်နှင့် သင်တန်း နည်းပြများ၊ ဆရာများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက် ကြသည်။
ပြောကြား ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့သင်တန်းတွင် ပညာရပ် ကျွမ်းသူများက ကဏ္ဍစုံသင်ကြား သလို မိမိကိုယ်တိုင်ကလည်း နိုးကြားတက်ကြွစွာ လေ့လာသင်ယူကြရန်နှင့် အချင်းချင်း အသိပညာမျှဝေရန် လိုအပ် ကြောင်း၊ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ ဌာနဆိုင်ရာ လုပ်ငန်းကျွမ်းကျင်သူအချင်းချင်း ဆွေးနွေးဖလှယ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု ရှိစေကြောင်း၊ ယခုသင်တန်း တက်ရောက်သူအားလုံးက ဥပဒေဆိုင်ရာပညာရပ်များကို နားလည်သဘောပေါက်ပြီး မိမိဌာနတွင်လည်း ဥပဒေ၏အရေးပါမှုကို သိရှိစေနိုင်ရန် ထပ်ဆင့်မျှဝေခြင်းများ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။ အဆိုပါသင်တန်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဥပဒေမူကြမ်း ရေးဆွဲခြင်းနှင့် ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ရေးဆွဲခြင်းစသည်တို့နှင့် စပ်လျဉ်း၍ သိကောင်းစရာနှင့် လိုက်နာကျင့်သုံးရန်များ၊ တစ်ဆင့်ခံဥပဒေ (မူကြမ်း) ရေးဆွဲခြင်းများ၊ စာချုပ်စာတမ်း ချုပ်ဆိုရာတွင် သိရှိလိုက်နာရန်နှင့် ဆောင်ရန် ရှောင်ရန်အချက်များကို သင်ကြား ပို့ချသွားမည်ဖြစ်သည်။
ထို့ပြင် စိုက်ပျိုး၊ မွေးမြူရေး ဆိုင်ရာ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စွမ်းစွမ်း တမံဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ပါဝင် ဆောင်ရွက်နိုင်ရေး တို့ကိုလည်း ပို့ချဆွေးနွေးသွားမည် ဖြစ်ကြောင်း နှင့် သင်တန်းသို့ သင်တန်းသား သင်တန်းသူ အရာထမ်း ၃၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment