ချင်းမိုင်၊ ဇန်နဝါရီ ၂၁
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်ထိ ချင်းရိုင်ခရိုင်၊ ချင်းရိုင်မြို့ Chiang Rai Hertiage Hotel ၌ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် တတိယအကြိမ် မြန်မာ-ထိုင်း မယ်ဆိုင်-မယ်ဟောက် ချောင်းရေခွဲဝေအသုံးချရေးနှင့် မြစ်ကြောင်းထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့်အတူ တက်ရောက်ခဲ့သည်။
အဆိုပါအစည်အဝေးအား မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နယ်နိမိတ်အဖြစ် စီးဆင်းနေ သော မယ်ဆိုင်ချောင်းနှင့် မယ်ဟုတ်ချောင်းအတွင်း သဲနုန်းတူးဖော်ခြင်းကိစ္စရပ် ဖြေရှင်းဆောင်ရွက်ရေးကိစ္စ၊ နယ်နိမိတ်မျဉ်းပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသော အဆောက်အဦများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရေးကိစ္စနှင့် မယ်ဆိုင်-မယ်ဟောက် ချောင်းရေ ခွဲဝေအသုံးချရေးကိစ္စ တို့ကို ဆွေးနွေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မယ်ဆိုင်-မယ်ဟောက်ချောင်းတွင် ရေကြီးရေလျှံမှု ကြီးမားစွာ ဖြစ်ပွားခဲ့သည့်ကိစ္စမျိုး နောက်ထပ်မဖြစ်ပွားစေရေးအတွက် အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ရန်၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ သဲနှုန်းတူးဖော်ရေးလုပ်ငန်းကို ဆောင်ရွက်ရန်နှင့် ကျန်ကိစ္စရပ် (၂)ခုနှင့်ပတ်သက်၍လည်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နှစ်ဘက်တာဝန်ရှိသူများအကြား သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment