နေပြည်တော်၊ ဇန်နဝါရီ ၂၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၈ ရက်နေ့ ၁၃ ၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအုပ်စု၊ ယင်းမာပင်ကျေးရွာမှ ကျွဲတပ်ဆုံကျေးရွာသွားတောလမ်းတွင် ဇော်လှိုင် မောင်းနှင်ပြီး ဖြိုးနောင်(ခ)မောင်စောင်း လိုက်ပါလာသည့် HIJET မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၉,၄၇၉ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၇ ကီလို၊ ကက်တမင်း ၉၅၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈,၀၀၀ ပြားနှင့် ဘိန်းဆီခဲ ၉ ဒသမ ၃၆ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၄ ၃၀ အချိန် သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား သယ်ဆောင်ခိုင်းသည့် အောင်သူဟိန်း(ခ)အောင်သူ နှင့် ခင်မောင်စိုး(ခ)ဖိုးသား တို့အား သာစည်မြို့နယ်၊ ဘုရားငါးဆူလမ်းဆုံအနီးတွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိ တရားခံ ဇော်လှိုင်(၄၈)နှစ်၊ ဖြိုးနောင်(ခ)မောင်စောင်း(၂၄)နှစ်၊ အောင်သူဟိန်း(ခ)အောင်သူ(၂၈)နှစ် နှင့် ခင်မောင်စိုး(ခ)ဖိုးသား(၂၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment