(၅၉) ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅၉) ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ ၁၉

စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ (၅၉) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို “ထရိုင်ခို ဒါးမားမှိုကို သီးနှံကာကွယ်ရေးတွင် အသုံးချခြင်း” ခေါင်းစဉ်ဖြင့် ယမန်နေ့က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်တက်ရောက်၍ ယနေ့ပြုလုပ်သည့် တောင်သူနည်းပညာဆွေးနွေးပွဲသည် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသည့်စိုက်ပျိုးရေးသွင်းအားစုများကို တောင်သူများ ကောင်းစွာ စီမံခန့်ခွဲတတ်စေခြင်းဖြင့် မိမိတို့၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို စောင့်ရှောက်တတ်စေရန်ရည်ရွယ်ကြောင်း၊ ထရိုင်ခိုဒါးမားမှိုဆိုသည်မှာ သီးနှံကာကွယ်ရေးအပေါ်တွင် များစွာအထောက်အကူဖြစ်ကြောင်း၊ တောင်သူများအတွက် များစွာအကျိုးရှိ ထိရောက်သည့် သွင်းအားစုတစ်ခုဖြစ်သည့် ထရိုင်ခိုဒါးမားမှိုကို ကိုယ်တိုင်ထုတ်လုပ်နိုင်စေရေးအတွက် သက်ဆိုင်ရာပညာရှင်များ၊ သုတေသီများက ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း၊ အကျိုးရှိထိရောက်သည့် ပညာပေးနည်းလမ်းများကို အသုံးပြု၍ နည်းပညာဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်း၊ ယခုနှစ် မိုးကြိုနှမ်းကို ပေါင်ကြီးတင်စနစ်၊ Broadbed and Furrow စနစ်ကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာစေရေး ထိရောက်သော ပညာပေးဆွေးနွေးမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေါက်တာ သက်ရီခိုင်က သီးနှံကာကွယ်ရေး၏ အရေးကြီးမှု၊ ထရိုင်ခိုဒါးမားမှို၏ အာနိသင်များနှင့် စိုက်ပျိုးရေးတွင် အကျိုးပြုမှု၊ ထရိုင်ခိုဒါးမားမှိုကို သီးနှံကာကွယ်ရေးတွင် အသုံးပြုသည့် နည်းလမ်းများ၊ မျိုးစေ့လူးနယ်ခြင်း၊ စိုက်ပျိုးမည့် ပျိုးအိုး၊ ပျိုးထုပ်၊ ပျိုးပေါင်၊ မြေဆီလွှာထဲသို့ ထည့်သွင်းခြင်းတို့ကို ဆွေးနွေးတင်ပြပြီး ဆွေးနွေးပွဲတက်ရောက်လာကြသူများ၏ မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးနှင့် ပညာရှင်များက ဖြည့်စွက်ဆွေးနွေးဖြေကြားကြသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၁၅၀၀ စုပေါင်း၍ ဆောင်းရာသီဟင်းသီးဟင်းရွက် ကန်စွန်း၊ ချဉ်ပေါင်၊ ဆလပ်၊ နံနံ၊ မုန်ညင်း၊ မုန်လာဥဖြူ သီးနှံများကို ပေါင်ကြီးတင်စနစ်ဖြင့် စနစ်တကျပြင်ဆင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။     


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)