၅ယောက်သေပြီး ရာနဲ့ချီအဖမ်းခံလိုက်ရတဲ့ ဂျာမဏီ နယူးရီးယားည - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၅ယောက်သေပြီး ရာနဲ့ချီအဖမ်းခံလိုက်ရတဲ့ ဂျာမဏီ နယူးရီးယားည


ဇန်နဝါရီ - ၂ ( ကြာသပတေးနေ့ ) 

ဂျာမဏီနိုင်ငံ နှစ်သစ်ကူးည ကတော့ အရုပ်ဆိုးအကျည်းတန်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်။ နှစ်သစ်ကူး အကြိုည အခမ်းအနားမှာ မီးရှုး မီးပန်တွေ ပစ်လွှတ်ဖောက်ခွဲကြသလို အကြမ်းဖက်လုပ်ရပ်တွေကိုလည်း ပြုလုပ် ခဲ့ကြပါတယ်။ လူ၅ ဦးသေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့ကြပါတယ်။ ဆူပူအုံကြွသူတွေကို လိုက်လံဖမ်းဆီးတဲ့ ရဲတွေနဲ့ မီးသတ်တွေကို ပြန်လည်တိုက်ခိုက်မှု ဖြစ်ပွားခဲ့လို့ ရာနဲချီတဲ့ အကြမ်းဖက်လိုသူတွေ အဖမ်းခံခဲ့ရပါတယ်။ 

ဘာလင်မြို့မှာ အကြမ်းဖက်လိုသူတွေက မီးရှုးမီးပန်းများနဲ့ နည်းပညာသုံး မီးရှုမီးပန်းများကို အသုံးပြုကာ ရဲများနဲ့ မီးသတ်သမားတွေကို တိုက်ခိုက်ခဲ့ပါတယ်။ မီးသတ်ဌာနရဲ့ အစီရင်ခံစာမှာ အဲ့လိုတိုက်ခိုက်မှု ၁၈၉၂ ခု ဖြစ်ပွား ခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် အရေးပေါ်လုပ်သား ၁၃ ဦးကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။ ရဲတွေကတော့ ဒီနှစ်နှစ်သစ်ကူးညက မကြုံစဖူး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ဘာလင်ရဲတပ်ဖွဲ့က လူပေါင်း ၃၃၀ ကို ဖမ်းဆီးခဲ့ပြီး အာဏာပိုင်များအဆိုအရ တရားမဝင် မီးရှူးမီးပန်းကြောင့် အရာရှိတစ်ဦး ခွဲစိတ်မှုခံယူရတဲ့အထိ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ ရဲအရာရှိအချို့ကလည်း  မငြိမ်မသက် ဖြစ်နေသော လူစုလူဝေးကို စီမံခန့်ခွဲနေစဉ် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။

 လိုက်ပစ်ဇ်မြို့ တွင် လူ ၅၀ ခန့်က မီးရှူးမီးပန်းများ၊  ပုလင်းများဖြင့် ရဲအရာရှိများကို ပစ်ပေါက်တိုက်ခိုက်ခဲ့ကြပြီး ဆူပူသူများက မီးတင်ရှို့ကာ အတားအဆီးများ ဆောက်လုပ်ခဲ့ကြပါတယ် ။ ကိုလုံးမြို့တွင် အရာရှိနှစ်ဦး မီးရှူးမီးပန်းကြောင့် ဒဏ်ရာရခဲ့ပြီး ဟမ်းဘတ်တွင်လည်း အလားတူ နှောင့်ယှက်မှုများ ကြုံတွေ့ခဲ့ရပါတယ် ။

ဘွန်းမြို့တွင် ဆယ်ကျော်သက်အုပ်စုတစ်စုသည် အိပ်နေသော အိမ်ယာမဲ့တစ်ဦးအား ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ပြီး ၎င်းတို့၏ လုပ်ရပ်ကို ဖုန်းဖြင့် မှတ်တမ်းတင်ပြီး အွန်လိုင်းပေါ်တင်ခဲ့တဲ့အတွက်ကြောင့် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။ 

မီးရှူးမီးပန်းကြောင့် လသာဆောင်ကို လောင်ကျွမ်းပြီး အခြားထပ်သို့ ပျံ့နှံ့သွားကာ ကြီးမားသော တိုက်ခန်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြူးနစ်သတင်းတွင် ဖော်ပြထားပါတယ်။  အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် အခြားကလေးငယ်နှစ်ဦး မီးလောင်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရပါတယ်။ 

လက်လုပ် "Kugelbomben" (ဘောလုံးဗုံး) ကို ကိုင်တွယ်စဉ် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး အပါအဝင် လူနှစ်ဦး သေဆုံးခဲ့ကြောင်း  ဆက်ဇိုနီ ဒေသတွင်း သတင်းများအရ သိရပါတယ်။ မီးလောင်ဒဏ်ရာများ၊ မျက်နှာဒဏ်ရာများနှင့် အကြားအာရုံပျက်စီးမှုများကို ကုသပေးနေသည့် နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံများတွင် တရားမဝင်နှင့် အိမ်လုပ်မီးရှူးမီးပန်းများကြောင့်  အသေအပျောက်များလာရတယ်လို့ ဆိုပါတယ်။


REF - RT  

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)