ဇန်နဝါရီ - ၃ ( သောကြာနေ့ )
ယူကရိန်းကို ဖြတ်သွားတဲ့ ရုရှားဂတ်စ်ပိုက်လိုင်းတွေကနေ ဂတ်စ်တွေ မရတော့တာနဲ့ ပတ်သက်ပြီး စလိုဗက်ကီးနိုင်ငံ ပြည်ထဲရေးဝန်ကြီး မာတူဆူတက်ဂျ်အီစတော့ ယူကရိန်းက ယုံကြည်မှုကို အလွဲသုံးစားလုပ်တယ်၊ သစ္စာမရှိတဲ့ သစ္စာဖောက်လောက်ကောင်လို့ စွတ်စွဲပြောဆိုလိုက်ပါတယ်။
ယူကရိန်း-ရုရှား ပဋိပက္ခစတင်ကတည်းက စလိုဗက်ကီးနိုင်ငံက ယူကရိန်းနိုင်ငံအတွက် အရေးပါသော စစ်ရေး၊ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ထောက်ပံ့ပေးကမ်းခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဂတ်စ်ပိုက်လိုင်းတွေ စာချုပ်ပြည့်သွားပြီဆိုပြီး ယူကရိန်းနိုင်ငံကိုဖြတ်ပြီး ဥရောပနိုင်ငံတွေကို ပေးတဲ့ဂတ်စ်တွေကို ဖြတ်သွားခွင့် မပြုတော့ပါဘူး။ အဲ့လိုမျိုးလုပ်တာက ဥရောပနိုင်ငံတွေရဲ့ စွမ်းအင်တည်ငြိမ်မှုကို ခြိမ်းခြောက်လိုက်တာပဲလို့လည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးတင်ခဲ့ပါတယ်။
ဒါပေမဲ့ သူက သူ့ရဲ့ပို့စ်အောက်ဖက်မှာတော့ ယူကရိန်းအနေနဲ့ ကျန်တဲ့ဥရောပနိုင်ငံတွေနဲ့ ပြန်ပြီးစည်းလုံးမှု ရစေချင်တယ်လို့ မျှော်လင့်ကြောင်းရေးခဲ့ပါတယ်။ ယူကရိန်းက ရုရှားနိုင်ငံပိုင် Gazprom ရေနံကုမ္ပဏီနဲ့ ရေနံနဲ့ ဂတ်စ်တင်ပို့မှု ဖြတ်သန်းခွင့် စာချုပ်ကို ၂၀၂၄ နှစ်ကုန်မှာ သက်တမ်းတိုးရန် ငြင်းဆိုခဲ့လို့ သြစတြီးယား၊ အီတလီနှင့် စလိုဗက်ကီးယားအပါအဝင် အီးယူနိုင်ငံအချို့သို့ သဘာဝဓာတ်ငွေ့စီးဆင်းမှုကို ထိရောက်စွာ ဖြတ်တောက်ခဲ့ပါတယ်။ ကုန်းတွင်းပိတ် စလိုဗက်ကီးယားနိုင်ငံရဲ့၀ယ်လိုအား၏ ၆၀ ရာခိုင်နှုန်းခန့်ကို ပြည့်မီရန် ရုရှားဓာတ်ငွေ့အပေါ် မူတည်နေရပါတယ်။ ယူကရိန်း၏ ဆုံးဖြတ်ချက်က အစားထိုး ထောက်ပံ့ရေး စရိတ်နှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်မားလာမှာဖြစ်လို့ နှစ်စဉ် ယူရိုသန်းရာနှင့်ချီ ကုန်ကျမယ်လို့ အီစတော့ က ဆိုလိုက်ပါတယ်။
“ယူကရိန်းက သူ့သဘောနဲ့သူ ဆုံးဖြတ်ချက်ချလိုက်တယ်။ သူတို့တွေကို ကျနော်တို့ ထောက်ပံ့ကူညီပေး နေတာတွေကို မေ့ပစ်လိုက်ပါတယ်။ အဲ့လိုဆုံးဖြတ်ချက်ချလိုက်တာက ရှိရင်းစွဲယုံကြည်မှုကို ဖောက်ဖျက် လိုက်တာပါပဲ ။ သူတို့ရဲ့ သစ္စာဖောက်မှုက ၂ နိုင်ငံကြားဆက်ဆံရေးကို ထိခိုက်လာပါပြီ ။ သူတို့အပေါ် ယုံကြည်လို့ရပါ့တော့မလားဆိုတဲ့ မေးခွန်းထုတ်စရာလည်းဖြစ်လာပါတယ်။ အခုတော့ သူတို့ကို ကျနော်တို့က ဘာကြောင့် ထောက်ပံ့ကူညီနေရတာလဲ ဆိုတဲ့မေးခွန်းပေါ်မှာ ပြန်လည်ဆန်းစစ်စရာဖြစ်လာပါပြီ” လို့ ဆိုပါတယ်။
“ကျနော်တို့မှာ ၂၀၂၅ အတွက်ကတော့ စွမ်းအင်လိုအပ်ချက်ပြည့်မီပါတယ်။ ဒါပေမဲ့ နောက်နှစ်တွေကို ဘယ်လိုလုပ်ကြမလဲ။ ဒါကြောင့် ဆွေးနွေးမှုကို သက်တမ်းတိုးဖို့ လိုအပ်ပြီး လာမယ့်နှစ်တွေမှာ စွမ်းအင်ထောက်ပံ့မှုတွေ တည်ငြိမ်မှုကို သေချာစေမယ့် ဖြေရှင်းချက်တွေနဲ့ အပေးအယူတွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။ ဝန်ကြီးချုပ်ကလည်း ယူကရိန်းဒုက္ခသည်တွေကို ထောက်ပံ့နေမှုအား ပြန်သုံးသပ်နေပါတယ်” လို့ ဆိုလိုက်ပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment