ဂျိုးဘိုင်ဒန်က ထရမ့်ရဲ့ အစီအစဉ်တွေကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ စီစဉ်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျိုးဘိုင်ဒန်က ထရမ့်ရဲ့ အစီအစဉ်တွေကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ စီစဉ်နေ


ဇန်နဝါရီ - ၃ ( သောကြာနေ့ ) 

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လာမည့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မရာထူးလက်ခံမယ့် ဒေါ်နယ်ထရမ့်ရဲ့ စွမ်းအင်ဆိုင်ရာစီမံကိန်းအချို့ကို ဥပဒေအရဖျက်စီးလို့ရအောင် ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ 

အမေရိကန် ကမ်းလွန်နဲ့ ကမ်းနီး ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးစင်များတိုးချဲ့တည်ဆောက်ဖို့အတွက် စီမံကိန်း ရေးဆွဲထားတဲ့ သမ္မတသစ်ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်ကို ဖျက်ဆီးနိုင်လို့ရမယ့် နှစ်၇၀ သက်တမ်းရှိပြီဖြစ်တဲ့ စွမ်းအင်ဆိုင်ရာ ဥပဒေကိုပြင်ဆင်ဖို့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်က လွှတ်တော်တင်ဆွေးနွေးဖို့ ကြိုးစားနေပါတယ်။ 

ဘိုင်ဒန်စီစဉ်ထားတဲ့ အုပ်ချုပ်မှုအမိန့်က ရေသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးကို ထာဝရကာကွယ်ပေးနိုင်သည့် 1953 Outer Continental Shelf Lands Act ( ၁၉၅၃ အမေရိကန်ပိုင်ကမ်းစပ်နဲ့ ရေအောက်မြေ များဆိုင်ရာဥပဒေ) ကို ပြင်ဆင် ရေးဆွဲလိမ့်မည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် အိမ်ဖြူတော်သတင်းရင်းမြစ်များက သတင်းထုတ် ထားပါတယ်။ အဆိုပါသတင်းရင်းမြစ်များအရ ဘိုင်ဒန် သည် ကယ်လီဖိုးနီးယားအနီးရှိ ပစိဖိတ်သမုဒ္ဒရာ၏ အစိတ်အပိုင်းများနှင့် ဖလော်ရီဒါအနီးရှိ မက္ကဆီကိုပင်လယ်ကွေ့အရှေ့ပိုင်းတို့တွင် တားမြစ်ချက်ကို ကျင့်သုံးဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

၁၉၅၃ ဥပဒေ ထုတ်ပြန်ပြီးနောက် အကာအကွယ်ပေးသည့်အမိန့်များကို သမ္မတများအား ရုပ်သိမ်းရန် အခွင့်အာဏာမပေးထား သော်လည်း ယခင်အမိန့်အချို့ကို တရားဝင်စိန်ခေါ်ပြီး ပြုပြင်မွမ်းမံထားပါတယ်။

ထရမ့်ရဲ့ ပထမဆုံး သမ္မတသက်တမ်းအတွင်းကလည်း အာတိတ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာရဲ့ ဧက ၁၂၅ သန်းကို ကာကွယ်ရန် သမ္မတဟောင်း ဘာရက်အိုဘားမားရဲ့ အမိန့်ကို ပြန်လည်ရုပ်သိမ်းရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းရဲ့ ကြိုးပမ်းမှုကို ၂၀၁၉တုန်းက  တရားရုံးက ပယ်ချခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ သူအရွေးမခံခဲ့ရတုန်းကလည်း ဘိုင်ဒန်က ကမ်းလွန်ရေနံတူးဖော်ခြင်းဆိုင်ရာ ပရောဂျက်အသစ်များကို ခွင့်ပြုမည်မဟုတ်ကြောင်း ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ မက္ကဆီကိုပင်လယ်ကွေ့တွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ငှားရမ်းရောင်းချမှုအသစ် ၃ ခုကို ကြေညာခဲ့ပါတယ်။  ဘိုင်ဒင်က အဲ့လို ရောင်းချမှုသုံးခု လုပ်ခဲ့ပေမဲ့  ခေတ်သစ်သမိုင်းတလျှောက်မှာတော့  အမေရိကန်သမ္မတတစ်ဦးအနေနဲ့ ကြေညာမှုအနည်းဆုံးဖြစ်ပါတယ်။


REF: RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)