မရှိ၍မလင်းသူမရှိစေရအစီအစဉ်ဖြင့် တိုက်ကြီးမြို့နယ်တွင် မျက်စိရောဂါအခမဲ့ခွဲစိတ်ကုသပြီးသော မျက်စိရောဂါဝေဒနာရှင်များအား ကျန်းမာရေးစစ်တမ်းကောက်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရှိ၍မလင်းသူမရှိစေရအစီအစဉ်ဖြင့် တိုက်ကြီးမြို့နယ်တွင် မျက်စိရောဂါအခမဲ့ခွဲစိတ်ကုသပြီးသော မျက်စိရောဂါဝေဒနာရှင်များအား ကျန်းမာရေးစစ်တမ်းကောက်ယူ


တိုက်ကြီး၊ ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် မရှိ၍မလင်းသူ မရှိစေရအစီအစဉ်ဖြင့် မျက်စိရောဂါအခမဲ့ခွဲစိတ်ကုသပြီးသော မျက်စိရောဂါ ဝေဒနာရှင်များအား တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးစစ်တမ်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါမရှိ၍မလင်းသူမရှိစေရ အစီအစဉ်အား ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုက်ကြီးခရိုင်အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သူများကို ခွဲစိတ်ပေးခြင်းတို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ဆောင်ရွက်ပေးခဲ့ပြီး မျက်စိခွဲစိတ်ကုသမှုခံယူခဲ့သည့် အဘိုးအဘွား(၂၀)ဦး အား တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက စာတမ်းပြစုရန်အတွက်  တွေ့ဆုံ၍ ကျန်းမာရေးစစ်တမ်းများ ကောက်ယူသည်။

ထိုသို့စစ်တမ်းများ ကောက်ယူနေမှုအခြေအနေများကို ခရိုင်/မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များမှ လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးပြီး အဘိုးအဘွားများအား ထမင်းဘူးနှင့် ရေသန့်ဘူးများ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။


စန်းကလျာခိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)