ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် ကျင်းပသည့် (၁၈) ကြိမ်မြောက် အာရှဘဏ္ဍာရေးဆိုင်ရာ ဖိုရမ်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့မှ ပါဝင် ခင်းကျင်းပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် ကျင်းပသည့် (၁၈) ကြိမ်မြောက် အာရှဘဏ္ဍာရေးဆိုင်ရာ ဖိုရမ်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့မှ ပါဝင် ခင်းကျင်းပြသ




ဟောင်ကောင်၊ ဇန်နဝါရီ ၁၇

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ Hong Kong Convention and Exhibition Centre တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပသည့် (၁၈) ကြိမ်မြောက် အာရှဘဏ္ဍာရေးဆိုင်ရာဖိုရမ်၊ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဇုန်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများကို ပါဝင်ကာ ခင်းကျင်းပြသခဲ့သည်။ 

 (၁၈) ကြိမ်မြောက် အာရှဘဏ္ဍာရေးဆိုင်ရာ ဖိုရမ်သို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဟောင်ကောင်မြို့သို့ လာရောက်ခဲ့ပါသည်။ ခရီးစဉ်အတွင်း ဟောင်ကောင်နှင့် မကာအိုမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို အသိပေးရှင်းလင်းခဲ့သည်။ 

 အာရှဘဏ္ဍာရေးဆိုင်ရာ ဖိုရမ်သည် အာရှအမြင်မှ ကမ္ဘာ့စီးပွားရေးအပေါ် သဘောထား များကို ဆွေးနွေးရန်နှင့် အမြင်များ ဖလှယ်ရန် ကမ္ဘာတစ်ဝန်းမှ အစိုးရ၊ ဘဏ္ဍာရေးနှင့် စီးပွားရေး အသိုက်အဝန်းမှ ထင်ရှားသော ခေါင်းဆောင်များကို စုစည်းပေးသည့် ဒေသတွင်း ထိပ်သီး စင်္ကြံတစ်ခုဖြစ်သည်။ ဒေသတွင်း ဘဏ္ဍာရေး ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဆွေးနွေးရန်အတွက် (၁၈) ကြိမ်မြောက် အာရှဘဏ္ဍာရေးဆိုင်ရာ ဖိုရမ်သို့ နိုင်ငံပေါင်း (၅၀) ကျော်က မူဝါဒချမှတ်သူများနှင့် စီးပွားရေးခေါင်းဆောင် ၃,၆၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)