ရန်ကုန်၊ ဇန်နဝါရီ ၁
ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့် တွံတေး-ဒလသွားကားလမ်းနှင့် မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရွှေ့ပြောင်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရွှေ့ပြောင်းတည်ဆောက်နေမှုနှင့် ဒလမြို့နယ်အတွင်းဓာတ်အားဖြန့်ဖြူးထားမှုတို့ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
YESC ဥက္ကဋ္ဌသည် ဒလမြို့နယ်လျှပ်စစ်မန်နေဂျာရုံး၏ ၃၃ ကေဗွီ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးဓာတ်အားခွဲရုံရှိ ၃၃/၁၁-၆.၆ ကေဗွီ၁၅ အမ်ဗွီအေ ထရန်စဖော်မာ၏ ၆.၆ ကေဗွီ ဖီဒါများအား ၁၁ ကေဗွီစနစ်ဖြင့် ပြောင်းလဲဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment