နေပြည်တော်၊ ဇန်နဝါရီ ၂
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၉၀/၇)အနီးတွင် ယာဉ်(၁)စီးသည် ၂.၁.၂၀၂၅ ရက်နေ့၊ ယနေ့ နေ့လယ် ၂နာရီ ၄၅ မိနစ်ခန့်က လမ်းလယ်ကျွန်းအား ဝင်တိုက်မိခဲ့ပြီး အမျိုးသမီး (၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၉၀/၇)အနီးတွင် ယာဉ်(၁)စီးသည် ၂.၁.၂၀၂၅ ရက်နေ့၊ ယနေ့ နေ့လယ် ၂နာရီ ၄၅ မိနစ်ခန့်က လမ်းလယ်ကျွန်းအား ဝင်တိုက်မိသည့် သတင်းအရ သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း(၄)ဦးအနက် မ(၁)ဦး(သေဆုံး)နှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၂)ဦးနှင့် မ(၁)ဦးတို့အား ပြည်သာယာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment