ပေါင်မြို့နယ်၌ မုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ မုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်


ပေါင်၊ ဇန်န၀ါရီ ၂၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌  မုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများကို ယနေ့ နံနက်(၁၀)နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့်သက်ဆိုင်ရာတာဝန်ရှိသူအသိီးသီးတို့က  မြို့ပေါ်ရပ်ကွက် ( ၄ )ခု၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူ အသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော မုန့်အမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ၊သက်ဆိုင်ရာ ဌာနများက ကန့်သတ် တားမြစ်ထားသည့် မုန့်များ ရောင်းချခြင်း ရှိ/မရှိ၊စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေ နိုင်သော မုန့်များရောင်းချနေမှုရှိ/မရှိ တို့အား စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာ ဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော မုန့်များကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်း မပြုသည့် မုန့်များကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)