ငွေဆောင်မြို့၌ ကျောင်းအခြေပြုတီဘီရောဂါ စမ်းသပ်စစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေဆောင်မြို့၌ ကျောင်းအခြေပြုတီဘီရောဂါ စမ်းသပ်စစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောခြင်းဆောင်ရွက်




ငွေဆောင်၊ ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ  ကျောင်းအခြေပြုတီဘီရောဂါ စမ်းသပ်စစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် (၁၀) နာရီက ငွေဆောင်မြို့၊ သဇင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ အ.ထ.က( ခွဲ)သဇင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ငွေဆောင်မြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ခင်မိမိလှိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက  တီဘီရောဂါလက္ခာများနှင့် တီဘီရောဂါ ဖြစ်ပွားစေတတ်သော အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါရှိ/မရှိ စစ်ဆေးကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ ​မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


R – 014( ငွေဆောင်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)