ဂရင်းလန်က ဒိန်းမတ်ဆီကနေ လွတ်လပ်ရေးတောင်းဖို့လုပ်နေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂရင်းလန်က ဒိန်းမတ်ဆီကနေ လွတ်လပ်ရေးတောင်းဖို့လုပ်နေပြီ


ဇန်နဝါရီ - ၆ ( တနင်္လာနေ့ ) 

ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး အာတိတ်စက်ဝိုင်းနားက တစ်နှစ်ပတ်လုံး ရေခဲနေတဲ့ ဂရင်းလန်ကျွန်းကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဝယ်မယ်လို့ ဆိုးနေတဲ့အတွက်ကြောင့် ကျွန်းအုပ်ချုပ်ရေးအဖွဲ့တွေက စိုးရိမ်တကြီးဖြစ်ကာ မိခင်နိုင်ငံဒိန်းမတ်ဆီကနေ လွတ်လပ်ရေးတောင်းဖို့အတွက် စီစဉ်နေကြပါတယ်။ 

နေထိုင်သူ လူဦးရေ ၆သောင်းခန့်ရှိသည့် ဂရင်းလန်ကျွန်းသည် ၁၉၇၉ တွင် ဒိန်းမတ်နိုင်ငံကိုလိုနီဘဝမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လာခဲ့ပါတယ်။ ဒိန်းမတ်လွှတ်တော်တွင် အမတ် ၂ ဦး ထိုင်ခွင့်ရပြီး နှစ်စဉ် ဘတ်ဂျတ် ယူရို သန်း ၅၀၀ ရရှိပါတယ်။ ဒိန်းမတ်က နေတိုး အဖွဲ့ဝင်နိုင်ငံဖြစ်လို့ အဲ့ဒိအဖွဲ့ရဲ့ ခေါင်ဆောင်လို ဖြစ်နေတဲ့ အမေရိကန်က ဝယ်မယ်ဆိုရင် ရောင်းဖို့ရာ အနေအထားရှိနေပါတယ်။ ကျွန်းပေါ်မှာ အမေရိကန် လေတပ်အခြေစိုက်စခန်းတစ်ခုလည်း ရှိပါတယ်။ 

ဂရင်းလန်း၏ဝန်ကြီးချုပ် မူတီအီဂီဒီက နှစ်သစ်ကူးမိန့်ခွန်းတွင် ကျွန်းသူကျွန်းသားများအနေနဲ့ အမေရိကန်နိုင်ငံရဲ့ ကိုလိုနီ ခြေချင်းချိတ်မှုကို ကာကွယ်ဖို့လိုကြောင်း တိုက်တွန်းထားပါတယ်။ ကိုယ်ပိုင်ပြဌန်းခွင့်ကို လေးစားလိုက်နာဖို့လိုကြောင်း ၊ ဒိန်းမတ် နိုင်ငံသားတွေနဲ့ ဂရင်းလန်ကျွန်းသားတွေကြား မှာ ရပိုင်ခွင့်တွေ မတူညီကြောင်း ၊ တန်တူညီမျှမှုတွေအတွက် တိုက်ပွဲဝင်ဖို့လိုကြောင်း  ဆိုသွားပါတယ်။  

ဂရင်းလန်က ၁၉၇၉ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှတစ်ဆင့် လွတ်လပ်ရေးကြေညာခွင့်ရရှိထားတဲ့ ဂရင်းလန်းကွန်းက ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတွင်းထွက်များ များပြားသောကြောင့် မဟာဗျူဟာနှင့် စီးပွားရေးအကျိုးအမြတ်များအတွက် အဓိကအချက်အချာဖြစ်နေပါတယ်။ 

လွတ်လပ်ရေးဆန္ဒခံယူပွဲသည် ဧပြီလတွင် ဂရင်းလန်းပါလီမန် ၌ ကျင်းပဖွယ်ရာရှိနေပါသည်။  "Greenland အတွက် လွတ်လပ်သောပြည်နယ်တစ်ခုအဖြစ် မူဘောင်ဖန်တီးခြင်းလုပ်ငန်းသည် စတင်နေပြီဖြစ်သည်" ဟု ပြည်သူများက လာမည့်ရွေးကောက်ပွဲတွင် မျှော်မှန်းချက်နောက်ကွယ်တွင် စုဝေးကြရန် တိုက်တွန်းပြောဆိုခဲ့ပါတယ်။


REF - Hindustan Times

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)