သရက်မြို့နယ်လုံးဆိုင်ရာသတ္တဌာနဘုရားကြီး၏ (၁၃၅)ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့နယ်လုံးဆိုင်ရာသတ္တဌာနဘုရားကြီး၏ (၁၃၅)ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ




သရက်၊ ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၅)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီက သတ္တဌာနဘုရားကြီးဝင်းအတွင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့ပေါ်ရှိကျောင်းတိုက်အသီးသီးမှ ဆရာတော်သံဃာတော်များနှင့် သာသနာ့အနွယ်ဝင်သီလရှင် စုစုပေါင်းအပါး (၁၄၀)အား ဆွမ်းဆန်စိမ်းလောင်းလှူရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ အလှူရှင်မိသားစုများက သတ်မှတ်ထားသည့် လောင်းလှူမည့် နေရာများမှကြွရောက်လာသည့် ဆရာတော်၊သံဃာတော်နှင့် သာသနာ့အနွယ်ဝင်သီရှင်များအား ဆွမ်းဆန်တော်နှင့်ဝတ္ထုအလှူငွေများ လောင်းလှူပေးခဲ့ကြပြီး ဆရာတော်သံဃာတော်များအား စာရေးတံမဲများဖောက်၍ မဲကျလှူဖွယ်များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ဇော်ထက်(သရက်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)