နေပြည်တော်၊ ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇန်နဝါရီလ ၉ ရက်နေ့ ၁၇၃၀ အချိန် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ရေခြံ(၁)လမ်းနေ စိုင်းထက်ဦးအောင်(ခ)အိုရားမား ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁.၉၃၃၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၁၂၆.၈၅ သိန်း)၊ မြန်မာငွေကျပ်သိန်း ၂၉၀ နှင့် မော်တော်ယာဉ် ၇ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းထက်ဦးအောင်(ခ)အိုရားမား(၃၄)နှစ်အား တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment