MMQR လုံခြုံ၍ စွမ်းရည် ပြည့်ဝသောငွေပေးချေမှုစနစ် တစ်ရပ်ပေါ်ပေါက်လာမည်ဖြစ်ပြီး ငွေသားကိုင်တွယ်သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MMQR လုံခြုံ၍ စွမ်းရည် ပြည့်ဝသောငွေပေးချေမှုစနစ် တစ်ရပ်ပေါ်ပေါက်လာမည်ဖြစ်ပြီး ငွေသားကိုင်တွယ်သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌ ပြောကြား

 


နေပြည်တော်၊ ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကောင်အထည်ဖော်လျက်ရှိသော National level Standard ဖြစ်သည့် MMQR (Myanmar Quick Response) အသုံးပြုပြီး မတူညီသည့် ဒစ်ဂျစ်တယ် ငွေပေးချေမှုများကို အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်သည့် Digital Payment Switch ၏ ဆောင်ရွက်နိုင်ခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့ က ရန်ကုန်မြို့ရှိ The Eravati Sule Grand Yangon ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ လက်လီရောင်းချသူ များအသင်း၊ ရွှေလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၊ မြန်မာဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်အသင်း၊ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၊ မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ရက်၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူ ကိုယ်စားငွေကောက်ခံရှင်းလင်း သည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ မိတ်ဖက်ကုန်သည်များ၊ System Operator နှင့် နည်းပညာအကူ အညီပေးသည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌက MMQR အသုံးပြုခြင်းဖြင့်မည်သည့် Mobile Wallet (မိုဘိုင်းပိုက်ဆံအိတ်) ကိုမဆို အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်သည့် လုံခြုံ၍ စွမ်းရည် ပြည့်ဝသောငွေပေးချေမှုစနစ် တစ်ရပ်ပေါ်ပေါက်လာမည်ဖြစ်ပြီး ငွေသားကိုင်တွယ်သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အသုံးပြုသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ Wallet တစ်ခု တည်းကိုသာအသုံးပြု၍ ကုန်သည်များအား ပေးချေနိုင်ခြင်း၊ ကုန်သည်များအနေဖြင့်လည်း QR မျိုးစုံထားရှိရန် မလိုအပ်ဘဲ MMQR တစ်ခုတည်းဖြင့် Wallet အမျိုးမျိုးပေးခြင်းအား လက်ခံနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ပခရီးသွားများအတွက် ငွေသယ်ယူရန်မလိုအပ်ဘဲ MMQR ဖြင့် ပြည်တွင်း၌ သုံးစွဲနိုင်ရေး အတွက် အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက်နိုင်ရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် System Operator ဖြစ်သည့် PayPlus Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက Digital Payment Switch (MMQR) ၏ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကိုလည်းကောင်း၊ ဘဏ်များ၏ ကိုယ်စားလှယ်များက MMQR အသုံးပြုခြင်းဖြင့် ကုန်သည်လုပ်ငန်းရှင်ကြီးများရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ သိရှိရမည့်အချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ကုန်သည်လုပ်ငန်းရှင်ကြီးများနှင့် တက်ရောက်လာသူများ၏ သိရှိလိုသည်များကိုမေးမြန်းကြရာ သက်ဆိုင်ရာကိုယ်စားလှယ်များက ပြန်လည် ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News #Naypyitaw #MMQR

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)