မြစ်ကြီးနား၊ ဇန်နဝါရီ ၁၄
ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်း စားဆီဖူလုံရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန် ထုတ်လုပ်ငန်းများ တက်မြင့်မားလာစေရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအကူအညီဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေကျပ် သန်း(၆၀)ဖြင့် အစုအဖွဲ့ပိုင် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်နေရာ၌ မြေဧရိယာ ၃ ဒဿမ ၃၄၄ ဧက ပေါ်တွင် ငါးကန်(၉)ကန်တူးဖော်၍ ငါးမွေးမြူရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ငါးသားပေါက် သယ်ယူရရှိရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြင့် ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း ငါးသားပေါက်များ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါ ခြံဝင်းအတွင်း ဒေသကြက်များမွေးမြူထားရှိမှု၊ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားရှိမှုနှင့် ငါးကန်များ တူးဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်အတွင်း ဟင်း သီးဟင်းရွက်ပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွား မြှင့်တင်ရေး မတည်ရန်ပုံငွေကျပ် သန်း (၂၀)ဖြင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်ရှိသည့် ရွှေတောင် သမဝါယမအသင်းလီမိတက်ပိုင် ခေါက်ဆွဲစက်ရုံသို့ သွားရောက်ပြီး ဆန်ခေါက်ဆွဲ တိုးမြှင့်ထုတ်လုပ် နိုင်ရေးအတွက် တိုးချဲ့အဆောင်သစ် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဒီဇယ်အင်ဂျင်ဖြင့် ထုတ် လုပ်လည်ပတ်နိုင်မှု အခြေအနေများကိုလည်းကောင်း၊ နေအိမ်ခြံဝင်းအတွင်း မိသားစုတစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ဆန်ခေါက်ဆွဲထုတ်လုပ်ရာတွင် ကုန်ကြမ်းရရှိမှု၊ ဈေးကွက်ရောင်းချနိုင်မှု အခြေ အနေများကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ အဆိုပါ ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သန်း (၅၀) မတည် ကူညီမှုဖြင့် တိုးတက်ဖြစ်ထွန်းလျက်ရှိသည့် စူပါဝမ်းစက်မှုလက်မှုသမဝါယမအသင်းလီမိတက်ပိုင် အဆင့်မြင့်ဝါးတူ ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ပြီး ဝါးကုန်ကြမ်းများ စုဆောင်းထားရှိမှု အခြေ အနေများ၊ ဝါးလုံးအား ကြိတ်ခွဲပြီး ဝါးတူအချောထည်အဆင့်ထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဝါးကုန်ကြမ်း ရရှိ မှု၊ ဈေးကွက်ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ ဒေသတွင်းသာမက ပြည်နယ်အတွင်း လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် လိုအပ်သည်များကို ဌာနဆိုင် ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါရပ်ကွက်အတွင်း ဖြတ်သန်းစီး ဆင်းသည့် နမ်ထွမ်ချောင်းရေတိုက်စားမှုမှ ကျောက်စီရေထိန်းတမံ တည်ဆောက်ပေးနိုင်ရေး ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment