NUG လမ်းဆုံးပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG လမ်းဆုံးပြီ



NLD ပုံပြောင်း NUG အကြမ်းဖက်အဖွဲ့ဝင်များအနေနဲ့ ထိုင်း - မြန်မာ နယ်စပ်ကနေ ခိုးထွက်ပြီး တတိယနိုင်ငံများမှာ သွားရောက် အခြေချနေထိုင်နေကြပါပြီ။ NUG အကြမ်းဖက်အဖွဲ့ရဲ့ အောင်မြင်မှုက ဘာလဲလို့ မေးရင် NLD ပါတီကို ထောက်ခံအားပေးတဲ့သူတွေ အကြမ်းဖက်သမားများဖြစ်လာအောင် နည်းမျိုးစုံနဲ့ သွေးထိုးလှုံ့ဆော်မှုမှာ အောင်မြင်ခဲ့တယ်။ တိုင်းပြည်တွင်းမှာ ရှိတဲ့ လူငယ်များစွာဟာ သူတို့ရဲ့ လုပ်ကြံဖန်တီး သွေးထိုးလှုံ့ဆော်မှုကြောင့် အကြမ်းဖက်သမားတွေ ဖြစ်ခဲ့ကြရတယ်။ 

NUG အကြမ်းဖက်အဖွဲ့ရဲ့ စကားတွေကို ယုံစားပြီး KNU, KIA အကြမ်းဖက်သောင်းကျန်းသူများထံမှာ အကြမ်းဖက်သင်တန်းများ တက်ရောက်ပြီး ကိုယ့်မြို့ ကိုယ့်ရွာကို ပြန်ပြီး ဖျက်ဆီးတဲ့ အကြမ်းဖက်သမားတွေ ဖြစ်လာကြပါတယ်။ အခုနောက်ပိုင်းတော့ အကြမ်းဖက်သင်တန်းတွေကို NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ နီပိန်း ပဒက်တွေက ကိုယ်တိုင်သင်တန်းပေးနိုင်နေပြီ ဖြစ်ပါတယ်။

တတိယနိုင်ငံများမှာ အခြေချနေထိုင်နေကြပြီဖြစ်တဲ့ NUG အကြမ်းဖက်အဖွဲ့ရဲ့ နောက်ထပ်အောင်မြင်မှုတစ်ခုကတော့ ၄နှစ်တာကလာမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၈၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြပါတယ်။ ဒါကလည်း သူတို့ရဲ့ အောင်မြင်မှုပါပဲ။ နောက်ထပ် လုပ်ခဲ့တဲ့ အလုပ်တွေကတော့ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများ အနေနဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ အစိုးရရုံး၊ လမ်း၊ တံတားတွေကို မီးရှို့ဖျက်ဆီး၊ မိုင်းခွဲဖျက်ဆီးမှုတွေလည်း လုပ်နိုင်ခဲ့ကြပါသေးတယ်။

၂၀၂၃ နောက်ပိုင်း ၂၀၂၄ မှာ တော့ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများအနေနဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ အောင်မြင်မှုမရဘဲ MNDAA, TNLA, AA တို့ရဲ့ နောက်လိုက်များအဖြစ်နဲ့ ပါဝင်တိုက်ခိုက်ခဲ့တာတွေ ရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးထဲက PDF အကြမ်းဖက်သမားများကို ရှမ်းမြောက်တိုက်ပွဲများဆီ လွှတ်ခဲ့ကြပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ ရှမ်းမြောက်မှာ PDF, BPLA အမည်ခံ အကြမ်းဖက်သမားများ ပါဝင်တိုက်ခိုက်ပေးပြီး အောင်ပွဲတွေ ရခဲ့ပေမယ့် ကြေးစား၊ အသေခံစစ်သားလို သဘောထားပြီး ဘာမှ အသိအမှတ်ပြုခြင်းမခံခဲ့ရပါဘူး။ နောက်ဆုံးတော့ အာချောင်လွန်းတဲ့ BPLA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် မောင်ဆောင်းခ  ရဲ့ အဖွဲ့သည်လည်း ရှမ်းမြောက်မှာ နေလို့မရတော့သည့်အတွက် စစ်ကိုင်းဘက်ကို ပြန်ပြေးရတဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ ရှမ်းမြောက်မှာ သေဆုံးခဲ့ရတဲ့ PDF အကြမ်းဖက်သမားတွေအတွက် ခေါင်းဆောင်များက ဘာတွေတာဝန်ယူသလဲ။ ဒေသခံများရဲ့ ဆက်သွယ်ပြောဆိုချက်အရ သေရင်လည်း သေပြီလို့ မပြောဘူး။ ဟိုကိုရောက်နေသလိုလို၊ ဒီကို ပြန်လာတော့မှာလိုလို မလိမ့်တပတ်ပြောကြတယ်။ မိသားစုဝင်တွေက သေဆုံးသွားတဲ့ ကလေးတွေအတွက် ရည်မှန်းပြီး ရက်လည်ဆွမ်းသွပ်ရတယ်။ အဲဒီလို လုပ်တာကို သိရင်လည်း PDF ခေါင်းဆောင်တွေက ဒုက္ခပေးပါသေးတယ်။

MNDAA, TNLA, AA တို့က ရှမ်းမြောက်၊ ရခိုင်တို့မှာ တိုက်ပွဲတွေ ဖော်ဆောင်ပြီး အောင်ပွဲခံနေကြတဲ့အခါ အာချောင်ပြီး အမြတ်ထုတ်တတ်တဲ့ NUG ကလည်း သူတို့ရဲ့ မဟာမိတ်တွေက အောင်ပွဲခံနေသလိုလို အာချောင်နေကြတာကိုလည်း တွေ့ကြမှာပါ။

NUG အကြမ်းဖက်အဖွဲ့အနေနဲ့ အောင်မြင်မှုတွေ ရခဲ့တာကို အထက်မှာ ပြဆိုခဲ့ပြီး ဖြစ်ပါတယ်။ သူရဲ့ အောင်မြင်မှုက အများပြည်သူ ကောင်းကျိုးဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေတော့ မဟုတ်ပါဘူး။ အများပြည်သူ အတိဒုက္ခရောက်အောင် လုပ်ခဲ့တဲ့ အောင်မြင်မှုမျိုးပဲ ဖြစ်ပါတယ်။

ဒီကြားကာလမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံခဲ့တဲ့ ဖြစ်စဉ်တစ်ခု ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က NUG, PDF ဆိုတာတွေကိုလည်း မသိဘူး။ သူတို့ရဲ့ လုပ်ရပ်တွေကို ထောက်ခံအားပေးခြင်းလည်း မရှိဘူးလို့ ပြောလိုက်တဲ့အချိန်မှာတော့ ဒေါ်စုပုံရိပ်နဲ့ ပြည်သူကို လှည့်ဖျားနေတဲ့ NUG အကြမ်းဖက်အဖွဲ့ဝင်တွေမှာ အကြောက်အကန် ငြင်းချက်ထုတ်တာမျိုးတွေ လုပ်လာကြပါတယ်။

သဘောကတော့ အကြမ်းဖက်လှုပ်ရှားမှုကို ဒေါ်စု ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည် ဖြစ်စေ သူတို့က ဆက်လုပ်မှာပဲလို့ တုန့်ပြန်ခဲ့ကြပါတယ်။ ခွေးဖြစ်မှတော့ မစင်မကြောက်တော့ပါဘူး ဆိုတဲ့သဘော မထူးဇာတ်ခင်းတော့မယ်လို့ ပြောလိုက်ခြင်းပါပဲ။ 

တတိယနိုင်ငံများမှာ အခြေချနေထိုင်ပြီး အမေရိကန်နိုင်ငံသား၊ အင်္ဂလန်နိုင်ငံသား ခံယူထားပြီးဖြစ်တဲ့ NUG အကြမ်းဖက်အဖွဲ့ဝင်တွေဟာ PDF အတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ပုံငွေရှာဖွေတာတွေကို ခေါင်းစဉ်အမျိုးမျိုးတတ်ပြီး လုပ်ကြပါတယ်။ အကြမ်းဖက်လှုပ်ရှားမှုကို အားပေးထောက်ခံသူတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ငွေကြေးအမြောက်အများ ရခဲ့ကြပါတယ်။ ခေါင်းစဉ်ကတော့ PDF အကြမ်းဖက်သမားများအတွက်လို့ ဆိုပေမယ့် လက်ဆုပ်လက်ကိုင်ငွေရလာတဲ့အခါမှာတော့ PDF အတွက် မဟုတ်တော့ဘဲ သူတို့တွေ ရောက်ရှိနေထိုင်ရာ နိုင်ငံများမှာ အိမ်ဝယ်ဖို့၊ ခြံဝယ်ဖို့ သူတို့မိသားစုဘဝတွေ တည်ဆောက်ဖို့ အသုံးပြုလိုက်ကြပါတယ်။

PDF တွေကို မပေးတာတော့ မဟုတ်ပါဘူး။ မစ်ရှင်တစ်ခုချင်းအတွက် ကြေးစားနဲ့ ငှားခိုင်းတဲ့ ပုံစံမျိုးပဲ ပေးတာပါ။ ခေါင်းစဉ်အမျိုးမျိုးနဲ့ ငွေတွေ အလှူခံနေပြီး ဘာလှုပ်ရှားမှုမှ မရှိဘူးဆိုရင်လည်း ဆက်လိမ်စားလို့ မရတော့ဘဲ ဖြစ်သွားပါလိမ့်မယ်။ ရေရှည်လိမ်စားနိုင်ဖို့ အကြမ်းဖက်လှုပ်ရှားမှုလေးတွေလည်း ပြရပါသေးတယ်။

အဲဒါကတော့ By Name တပ်ပြီး သတ်ခိုင်းတဲ့ လုပ်ရပ်မျိုးတွေဖြစ်ပါတယ်။ အခုနောက်ပိုင်းဆိုရင် အနုပညာနယ်ပယ်ထဲက ပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားလာတာမျိုး တွေ့ရပါတယ်။ အကယ်ဒမီများရှင် ရန်အောင်ရဲ့ နေအိမ်ကို ဖောက်ခွဲတိုက်ခိုက်မှု လုပ်ခိုင်းလိုက်တဲ့အခါကြတော့ သတင်းက ကျယ်ပြန့်သွားပါတယ်။ နောက်ထပ် အဆိုတော် ယုန်လေး ကို ချောင်းမြောင်းတိုက်ခိုက်ခိုင်းတဲ့ လုပ်ရပ်မျိုး အကုန်အကျနည်းပြီး သတင်းကြီးမယ့် ကိစ္စမျိုးတွေကို လုပ်ဆောင်လာကြပါတယ်။

NLD ပါတီ ဦးဆောင်သူတွေဟာ နိုင်ငံရေးသမားအမည်ခံပြီး လုပ်စားစဉ်ကလည်း ပိပိရိရိလုပ်စားခဲ့ကြသလို အကြမ်းဖက်လှုပ်ရှားမှုနဲ့ စီးပွားရှာရမယ့် အချိန်မှာလည်း ရေရှည်လုပ်စားလို့ ရအောင် စနစ်တကျ လှုပ်ရှားဆောင်ရွက်နေတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

NUG အကြမ်းဖက်အဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးဆိုတဲ့ သူတို့ရဲ့ လက်သုံးစကားတွေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေက ပြောင်းပြန်အချိုးကျနေပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းများထံက အကူအညီရဖို့၊ အများပြည်သူကို လိမ်ညာလှည့်ဖျားဖို့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးဆိုတာတွေကို အသံကောင်း ဟစ်နေသည့်တိုင်အောင် NUG အကြမ်းဖက်အဖွဲ့ ဦးဆောင်သူများနဲ့ သူတို့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေဟာ ဒီမိုကရေစီစံနှုန်းများနဲ့ ညီညွတ်ခြင်း မရှိသလို ပီပြင်တဲ့ ဖက်ဒရယ်စနစ်ဖြစ်ပေါ်လာဖို့ စနစ်တကျ ဆောင်ရွက်ထားခြင်းရှိလည်း မတွေ့ရပါဘူး။ အမြှုပ်ထွက်အောင် အာချောင်တာတမျိုးပဲ သူတို့လုပ်တတ်ပါတယ်။

NUG အကြမ်းဖက်အဖွဲ့နဲ့ သူတို့ရဲ့ လက်ပါးစေ PDF အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ပြန်လည်ဆန်းစစ်ပြီး သူတို့ရဲ့ အောင်မြင်မှု၊ သူတို့ရဲ့ အောင်ပွဲ ဆိုတာတွေဟာ အများပြည်သူ ကောင်းကျိုးဖြစ်စေသလား၊ ဆိုးကျိုးအတိ ဖြစ်ခဲ့ရသလား ပြန်လည်သုံးသပ်ကြဖို့ ဖြစ်ပါတယ်။ NUG အကြမ်းဖက်အဖွဲ့ရဲ့ အောင်မြင်မှုဆိုတာ သူတို့ကို ကူညီပံ့ပိုးပေးနေတဲ့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများရဲ့ အလိုကျ တိုင်းပြည်တွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်တဲ့ အောင်မြင်မှုမျိုးသာ ဖြစ်တဲ့အတွက် ဒီမိုကရေစီအရေးလှုပ်ရှားမှုမဟုတ်တော့ သေချာပါတယ်။ ဒီမိုကရေစီအရည်ခြုံထားတဲ့ ပြည်ဖျက်မိစ္ဆာတွေလို့ နားလည်ရမှာ ဖြစ်ပါတယ်။ 

ပြည်ပြေး ဝရမ်းပြေး ပြည်ပနိုင်ငံသား ခံယူထားတဲ့ NUG အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ လုပ်ရပ်နဲ့ ရလဒ်ကို ပြည်သူများက မှန်ကန်စွာ သုံးသပ်နိုင်ပြီဆိုရင် NUG ဆိုတာ မြန်မာပြည်နဲ့ မသက်ဆိုင်သော ပြည်ဖျက်မိစ္ဆာများ စုဖွဲ့ထားတဲ့ အစုအဖွဲ့တစ်ခုသာ ဖြစ်ကြောင်းကို နားလည်လာကြပါလိမ့်မယ်။ PDF ဆိုတာကတော့ ကြေးစားလူသတ်ဂိုဏ်းတစ်ခုအနေနဲ့ NUG ဆီက ငွေရရင် လူသတ်မယ်၊ အမှောင့် လုပ်ရပ်တွေ လုပ်ပေးမယ်။ NUG ဆီက ငွေမရရင် လက်နက်နဲ့ ပြည်သူကို အနိုင်ကျင့်စော်ကား ဓားပြတိုက်မယ်။ 

အဲဒီလို လုပ်ရပ်တွေက ဒီမိုကရေစီနဲ့ ဖက်ဒရယ်အိမ်မက်ကို အကောင်အထည်ဖော်နေတာလား။ တိုင်းပြည်ကို ဖျက်ဆီးနေတာလား။ 


ဒေါင်းနင်း 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)