NUG အကြမ်းဖက်အဖွဲ့ရဲ့ အလွဲသုံးစားလုပ်မှုတွေကို ဖုံးကွယ်ဖို့ ဗြောင်လိမ်ဗြောင်စား လုပ်လိုက်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့ရဲ့ အလွဲသုံးစားလုပ်မှုတွေကို ဖုံးကွယ်ဖို့ ဗြောင်လိမ်ဗြောင်စား လုပ်လိုက်ပြီ


ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာအုပ်စုကို ဦးဆောင်တဲ့ DVB သတင်းဌာန မှာ ရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာ -

လိုအပ်နေသည့် ပြည်သူများထံ ကျပ်သန်းပေါင်း ၈,၀၀၀  ခန့် ကူညီပေးခဲ့ဟု NUG အကြမ်းဖက်အဖွဲ့က ထုတ်ပြန်

လို့ ခေါင်းစဉ်တပ်ပြီး ရေးသားထားတာကို တွေ့ရပါတယ်။ DVB သတင်းရဲ့ ရေးသားဖော်ပြချက်အရ (NUG) အကြမ်းဖက်အဖွဲ့က  လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွင်း ကျပ်သန်းပေါင်း ၈,၀၀၀ လောက်ကို ဒေသအလိုက် လိုအပ်နေတဲ့ပြည်သူတွေဆီ ထောက်ပံ့ကူညီခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်သူတွေက ထောက်ပံ့လှူဒါန်းထားတဲ့ ငွေကျပ်သန်း ၇,၇၀၀ ကို ဒေသအလိုက် အမှန်တကယ်အကူအညီလိုအပ်နေသူတွေဆီ လက်ဝယ်အရောက် ထောက်ပံ့ခဲ့တယ်လို့ ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်ဖော်ပြထားတာပါ။" ဆိုပါတယ်။

NUG အကြမ်းဖက်အဖွဲ့ က တစ်နှစ်အတွင်းမှာ ငွေကြေးပမာဏများစွာ ပြည်သူကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ ပုံရိပ်ကို ပြလိုခြင်း ဖြစ်ပါတယ်။ သို့သော် NUG အကြမ်းဖက်အဖွဲ့ဝင်တွေဟာ ပြည်တွင်းမှာ မရှိကြပါဘူး။ ပြည်ပ ကို ထွက်ပြေးနေသူတွေ ဖြစ်ပါတယ်။ တိုင်းရေးပြည်ရာကို စီမံခန့်ခွဲနိုင်ခြင်း မရှိပါဘူး။ အစိုးရတစ်ရပ် ဆိုတာ ပြည်သူများပေးတဲ့အခွန်ငွေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းသာ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး ဘဝနဲ့ NUG အကြမ်းဖက်အဖွဲ့က များပြားလှစွာသော ငွေကြေးပမာဏ ကူညီပံ့ပိုးပေးနိုင်တယ်လို့ ဆိုခြင်းဟာ လေနဲ့ ပေးတဲ့ ငွေလား ဆိုတာတစ်ချက် စဉ်းစားစရာ ဖြစ်နေပါတယ်။ 

နောက်တစ်ချက် လေနဲ့ပေးတာ မဟုတ်ဘူးဆိုရင် NUG အကြမ်းဖက်အဖွဲ့က ဒီငွေတွေ ဘယ်က ရလဲ။ ဘယ်နိုင်ငံ က ထောက်ပံ့ပေးထားတာလဲ။ ဘယ်အဖွဲ့အစည်းက ထောက်ပံ့ပေးထားတာလဲ။ NLD အစိုးရအဖြစ် တာဝန်ထမ်းဆောင်စဉ်က အာဏာအလွဲသုံးစားလုပ်ပြီး အဂတိလိုက်စားထားတဲ့ ငွေကြေးတွေတော့ မဖြစ်နိုင်လောက်ဘူးလို့ ယူဆရပါတယ်။ အာဏာအလွဲသုံးစား လုပ်ပြီး ခိုးခဲ့တဲ့ ငွေတွေက သူတို့မိသားစုများရဲ့ အကျိုးစီးပွားအတွက် ဖြစ်သလို ပမာဏများပြားစွာ ခိုးခဲ့တဲ့ ဒေါ်စု၊ ဦးဝင်းမြင့်အပါအဝင် သူခိုးကြီးတွေက NUG ထဲမှာ ရှိမနေပါဘူး။

၂၀၂၄ ခုနှစ်အတွင်းမှာ များပြားလှစွာသော ငွေကြေးတွေ ကူညီပံ့ပိုးခဲ့တယ်ဆိုရင်လည်း DVB သတင်းမှာ ဖော်ပြထားသလို ဒေသအလိုက် အမှန်တကယ်အကူအညီလိုအပ်နေသူတွေဆီ လက်ဝယ်အရောက် ထောက်ပံ့ခဲ့တယ် ဆိုတာမျိုး လုံးဝမဖြစ်နိုင်ပါဘူး။ ဒေသအလိုက် အကြမ်းဖက်လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ အကြမ်းဖက်သမားတွေဆီကို ထောက်ပံ့ပေးခဲ့တာမျိုးပဲ ဖြစ်နိုင်ပါတယ်။ အကူအညီလိုအပ်နေသူတွေဆီ ပေးခြင်းမျိုး မဟုတ်ဘဲနဲ့ အကြမ်းဖက်သမားတွေဆီကို ငွေကြေးထောက်ပံ့ပေးပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်ခိုင်းတာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ၄နှစ်တာ ကာလအတွင်းမှာ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း တစ်သောင်းဝန်းကျင်အထိ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ PDF အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီး၊ ဖောက်ခွဲဖျက်ဆီးလို့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အစိုးရရုံးဌာန အဆောက်အဦ၊ လမ်းတံတားတွေလည်း မနည်းတော့ပါဘူး။ ပျက်စီးဆုံးရှုံးမှု ပမာဏကို တွက်ရင် ၂၀၂၄ခုနှစ်အတွင်းမှာ NUG အကြမ်းဖက်အဖွဲ့က ဒေသအလိုက် PDF အကြမ်းဖက်အဖွဲ့များကို ပေးတဲ့ ငွေကျပ်သန်း ၇,၇၀၀ ဆိုတာရဲ့ အဆပေါင်းထောင်သောင်းမက ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

အထက်ဖော်ပြပါ သုံးသပ်ချက် က ငွေကျပ်သန်း ၇,၇၀၀ အသုံးပြုပြီး ကြွားလုံးထုတ်နေတာနဲ့ ပတ်သက်လို့ ပြည်သူများ ဆင်ခြင်သုံးသပ်မိစေဖို့ သုံးသပ်တင်ပြခြင်း ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေအများဆုံးကတော့ NUG အကြမ်းဖက်အဖွဲ့ဝင်များဟာ အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျ၊ နော်ဝေ အစရှိတဲ့ ဥရောပနိုင်ငံများမှာ နိုင်ငံသားခံယူပြီး အခြေချနေထိုင်ကြပါတယ်။ အပေါ်ယံအားဖြင့်တော့ မြန်မာပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ဝင်များအဖြစ် ဟန်လုပ်နေကြပေမယ့် အမေရိကန်ကို ရောက်သွားသူကလည်း အမေရိကန်နိုင်ငံသား ခံယူပြီးပြီ။ အင်္ဂလန်ကို ပြေးတဲ့ ဇော်ဝေစိုးတို့ မိသားစုလည်း အင်္ဂလန်နိုင်ငံသားအဖြစ် ခံယူပြီးကြပါပြီ။ မြန်မာနိုင်ငံဘက်က ကြည့်ပြီး ပြောမယ်ဆိုရင် သူတို့ အမေရိကန် နိုင်ငံသား၊ အင်္ဂလန်နိုင်ငံသား ခံယူဖြစ်စေ၊ မခံယူဘဲ နေသည်ဖြစ်စေ မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ထားပြီးသားဖြစ်ပါတယ်။ သို့ပေသော်လည်း NUG အကြမ်းဖက်အဖွဲ့ဝင်များအနေနဲ့ မြန်မာနိုင်ငံမှာ တော်လှန်ရေးလုပ်နေသယောင် အမေရိကန်၊ အင်္ဂလန်တို့မှာ နေတဲ့ NUG အကြမ်းဖက်အဖွဲ့ဝင်တွေက ဂျပန်၊ ကိုးရီးယား၊ ကနေဒါ အစရှိတဲ့ တိုင်းပြည်များကို လှည့်လည်ပြီး အလှူခံခဲ့ကြတာတွေ ရှိပါတယ်။ Project ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး အလှူခံနေကြတာလည်း ရှိပါတယ်။ အလှူခံလို့ ရရှိတဲ့ ငွေတွေကို သူတို့ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာ ဒေသအလိုက် အမှန်တကယ်အကူအညီလိုအပ်နေသူတွေဆီ လက်ဝယ်အရောက် ထောက်ပံ့ခဲ့တယ်လို့ ဗြောင်လိမ် ဗြောင်စားလုပ်ခြင်းက ဖြစ်နိုင်ခြေအများဆုံး ဖြစ်ပါတယ်။ 

NUG အကြမ်းဖက်အဖွဲ့ရဲ့ ဘက်တော်သား၊ PDF အတွက် အလှူခံနေပေးနေပါတယ်ဆိုတဲ့ ပန်ဆယ်လို ကိုတော့ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ NLD အုပ်စုထဲကပဲ အမေရိကန်မှာ တရားစွဲဆိုမှုတွေ လုပ်နေပါတယ်။ ပန်ဆယ်လို ကဲ့သို့ပင် ငွေကြေးအလွဲသုံးစားမှုတွေကို ချပြရှင်းလင်းဖို့ တောင်းဆိုမှုတွေ မြင့်တက်လာခဲ့သော် NUG အကြမ်းဖက်အဖွဲ့ဝင်တွေအနေနဲ့ ဖြေရှင်းဖို့ ခက်ခဲပါလိမ့်မယ်။ အဲဒီလို အခြေအနေမျိုး မရောက်မီ ကျပ်သန်းပေါင်း ၈,၀၀၀ လောက်ကို ဒေသအလိုက် လိုအပ်နေတဲ့ပြည်သူတွေဆီ ထောက်ပံ့ကူညီခဲ့တယ်လို့ ဗြောင်လိမ်ဗြောင်စား လုပ်ပြီး ထုတ်ပြန်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

NUG အကြမ်းဖက်အဖွဲ့ဝင်တွေ၊ ဘက်တော်သားတွေ ခိုးခဲ့သမျှ ဝေဖန်ထောက်ပြ ပြောဆိုလာခဲ့သော် ကြိုတင်ကာဘာ လုပ်တဲ့အနေနဲ့ ပြည်သူတွေဆီကို ထောက်ပံ့ပေးပြီး ဖြစ်ပါတယ်လို့ ဗြောင်လိမ်ဗြောင်စား လုပ်တဲ့ NUG အကြမ်းဖက်အဖွဲ့ရဲ့ မျက်နှာပြောင်တိုက်ပြီး ဗြောင်လိမ်ဗြောင်စား လုပ်တဲ့ လုပ်ရပ်ကတော့ သြချလောက်စရာပါပဲ။


ဒေါင်းနင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)