ပေကျင်း၊ ဇန်နဝါရီ ၂၂
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ နိုင်ငံခြားရေးတာဝန်ခံ Touhid Hossain နှင့် အတူ ပေကျင်းမြို့တွင် တွေ့ဆုံဆွေနွေးခဲ့ကြောင်း သိရသည်။
ဝမ်ရိက ယခုနှစ်သည် တရုတ်- ဘင်္ဂလားဒေ့ရှ် သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သလို “တရုတ်- ဘင်္ဂလားဒေ့ရှ် လူမှုယဉ်ကျေးမှု ဖလှယ်ရေးနှစ်” လည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ အစဉ်အလာချစ်ကြည်ရေးကို ဆက်လက် ထိန်းသိမ်းသွားရန်၊ မဟာဗျူဟာမြောက် ဆွေးနွေးမှုကို အားဖြည့်ရန်၊ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် ပူးတွဲတည်ဆောက်ရန်၊ တရုတ်- ဘင်္ဂလားဒေ့ရှ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် ရှေ့သို့ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် အမျိုးသားဂုဏ်သိက္ခာတို့အား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မိမိနိုင်ငံနှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းစဉ်ကို ရှာဖွေခြင်းတို့အပေါ် ထောက်ခံကြောင်း ပြောကြားခဲ့သည်။
Touhid Hossain က တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါတီစုံ ဘုံသဘောတူညီချက်ဖြစ်ပြီး အစိုးရအဆက်ဆက်နှင့် ပြည်သူတစ်ရပ်လုံး၏ ထောက်ခံမှုရရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်သို့ တက်လှမ်းရေးအတွက် တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Ref - (Xinhua)
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment