တရုတ်နိုင်ငံ၏ ပထမဆုံး Type 054B ဖရီးဂိတ်စစ်သင်္ဘော Luohe တပ်တော်ဝင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံ၏ ပထမဆုံး Type 054B ဖရီးဂိတ်စစ်သင်္ဘော Luohe တပ်တော်ဝင်


တရုတ်နိုင်ငံ၏ ပထမဆုံးသော Type 054B ဖရီးဂိတ်စစ်သင်္ဘော Luohe သည် တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ စစ်ဘက်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု၌ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေတပ်) တွင် တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။

သင်္ဘောကိုယ်ထည်အမှတ်- ၅၄၅ ဟု သတ်မှတ်ထားသော Luohe မှာ တန်ချိန် ၅,၀၀၀ ခန့် အလေးချိန်ရှိကာ အဆိုပါ မျိုးဆက်သစ် ဖရီးဂိတ်စစ်သင်္ဘောအား တရုတ်နိုင်ငံက အမှီအခိုကင်းစွာ ဒီဇိုင်းဖန်တီး တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရေဒါရှောင်ကွင်းနိုင်သော နည်းပညာ၊ တိုက်ခိုက်ရေး ကွပ်ကဲမှုစနစ်များ၊ ပစ်အားပေါင်းစပ်မှု စသည့် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ထားသည့်အတွက် အဘက်ဘက်မှ စွမ်းဆောင်ရည် သိသိသာသာ တိုးမြှင့်ထားခြင်းလည်းဖြစ်သည်။

ယင်းစစ်သင်္ဘောသည် ကျယ်ပြန့်သော တိုက်ခိုက်ချေမှုန်းရေးဆိုင်ရာ စစ်ဆင်ရေးများနှင့် အမျိုးမျိုးသော စစ်ရေးမစ်ရှင်များအတွက် ထက်မြက်သော စွမ်းဆောင်ရည်များ ပိုင်ဆိုင်ထားသဖြင့် ရေတပ်အထူးတပ်ဖွဲ့များ၏ ဘက်စုံ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရာ၌ အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။ 


REF - Xinhua

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)