Volkswagen ရောင်းအားကျပြီး ၂၀၂၄ ခုနှစ်အတွက် Toyota ကမ္ဘာ့ထိပ်ဆုံးနေရာ ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Volkswagen ရောင်းအားကျပြီး ၂၀၂၄ ခုနှစ်အတွက် Toyota ကမ္ဘာ့ထိပ်ဆုံးနေရာ ရရှိ


ဂျာမနီ မော်တော်ကားကုမ္ပဏီ Volkswagen ရဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ရောင်းအားဟာ ကျဆင်းသွားခဲ့ပြီး သူ့ရဲ့ပြိုင်ဖက် ဂျပန်ကားကုမ္ပဏီ Toyota Motor က ၅ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာကို ရယူဖို့ ရှိနေပါတယ်။

မနှစ်က ကမ္ဘာတစ်ဝန်းမှာ ကားအစီးရေ ၉.၀၂ သန်း ရောင်းချခဲ့ရတယ်လို့ Volkswagen ကားကုမ္ပဏီက အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ်ကထက် ၂.၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

အဓိကဖြစ်တဲ့ အနောက်ဥရောပဈေးကွက်မှာ ရောင်းအားက အပြောင်းအလဲ သိပ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ တရုတ်မှာ ပြည်တွင်းကားထုတ်လုပ်သူတွေရဲ့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုကြောင့် အဲဒီနိုင်ငံတွင်း Volkswagen ရဲ့ရောင်းအားဟာ နှစ်အလိုက်ကြည့်ရင် ၉.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ Volkswagen ‌ရောင်းအားရဲ့ ၃၀ ရာခိုင်နှုန်းကျော်က တရုတ်ဈေးကွက် ဖြစ်ပါတယ်။

Volkswagen ကုမ္ပဏီဟာ ကမ္ဘာတစ်ဝန်း ဘက်ထရီစွမ်းအင်သုံး လျှပ်စစ်ကားအစီးရေ ၇၄၄,၈၀၀ ရောင်းချခဲ့ပြီး အရင်နှစ်ကထက် ၃.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စု ဈေးကွက်မှာ EV ကား ဝယ်လိုအားက ထိုင်းမှိုင်းလာနေပါတယ်။

Volkswagen ကုမ္ပဏီဟာ ကုန်ကျစရိတ်ကိုလျှော့ချဖို့အတွက် သူ့ရဲ့ ထုတ်လုပ်မှုစွမ်းရည်နဲ့ အလုပ်သမား ၃၅,၀၀၀ ကျော်ကို လျှော့ချဖို့ စီစဉ်ထားတယ်လို့ ဒီဇင်ဘာလက ကြေညာခဲ့ပါတယ်။

Toyota ကားကုမ္ပဏီက ၂၀၂၄ ခုနှစ်အတွက် သူ့ရဲ့ ကုမ္ပဏီအုပ်စုတစ်ခုလုံးရဲ့ နောက်ဆုံးကိန်းဂဏန်းတွေကို မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ နိုဝင်ဘာလအထိ အစီးရေ ၉.၈၅ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး Volkswagen ရဲ့ စုစုပေါင်းကိန်းဂဏန်းထက် ကျော်လွန်ခဲ့ပါတယ်။


Ref - NHK

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)