ဇလွန်မြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်များအနားယူခြင်း အစားထိုးရွေးချယ်ခြင်းနှင့် မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်များအနားယူခြင်း အစားထိုးရွေးချယ်ခြင်းနှင့် မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးပြုလုပ်





ဇလွန်၊ ဖေဖော်ဝါရီ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်များအနားယူခြင်း အစားထိုးရွေးချယ်ခြင်းနှင့်မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မဟာအတုလဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇလွန်မြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်း အစားထိုးရွေးချယ်ခြင်းနှင့် မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးတွင်တိုင်းသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဝိဇယအား အစည်းအဝေးသဘာပတိ ဆရာတော်တင်မြှောက်၍ “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးစတင်ခဲ့သည်။ ယင်းနောက် အခမ်းအနားမှူးဆရာတော်က အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထား၍ အစည်းအဝေးအထမြောက်အောင်မြင်ကြောင်း ကြေညာ၍ သဘာပတိဆရာတော်ကအစည်းအဝေးဖွင့် သြဝါဒကထာမြွက်ကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးရဲမှူး ဇော်ဝမ်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ယင်းနောက် အခမ်းအနားမှူးဆရာတော်က အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသော ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကိုကြေညာ၍ ပြန်လည်ရွှေးချယ်နိုင်ရန်အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်က အဆိုရှင်အမည်စာရင်း တင်သွင်းခဲ့ပြီး ယင်းအဆိုကို သက်ဆိုင်ရာနယ်မြေအလိုက် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်က ထောက်ခံခဲ့သည်။

ယင်းနောက် သဘာပတိဆရာတော်က အစားထိုးရွှေးချယ်ခံရသည့် မြို့နယ်သံဃနာယက ဆရာတော်ဘွဲ့အမည်စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး သာဓုသုံးကြိမ် ခေါ်ဆို၍ အတည်ပြုပေးခဲ့ပြီး သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းအပိုဒ်  (၃၅နှင့် ၉၇)တို့ကို ရှင်းလင်းလျှောက်ထားခဲ့သည်။ ယင်းနောက် သဘာပတိဆရာတော်က နိဂုံးချုပ်သြဝါဒကထာ မြွက်ကြားပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ မြို့နယ်သံဃနာယကအဖွဲ့ဝင်များ အစားထိုးရွေးချယ်ခြင်း အစည်းအဝေးပြီးမြောက်ခဲ့သည်။


ဝေယံ-ဇလွန်

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)