သည်းခံခြင်းက မွန်မြတ်သန့်စင်တဲ့ အရာပါ၊ ကျနော်က သင်ယူနေတုန်းပါလို့ ဆိုလိုက်တဲ့ အီလွန်မက်စ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သည်းခံခြင်းက မွန်မြတ်သန့်စင်တဲ့ အရာပါ၊ ကျနော်က သင်ယူနေတုန်းပါလို့ ဆိုလိုက်တဲ့ အီလွန်မက်စ်



ဖေဖော်ဝါရီ - ၁၆ ( တနင်္ဂနွေနေ့ ) 

လက်ရှိကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မက်စ် ပြောသွားတဲ့ စကားလေးပါ။ သည်းခံတာနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက ခန္တီစ လို့ ၃၈ဖြာမင်္ဂလာမှာ ဆုံးမထားပါတယ်။ သည်းခံတာနဲ့ ပတ်သက်ပြီး ကမ္ဘာကျော်ပုဂ္ဂိုလ် တော်တော်များများကလည်း ပြောဆိုဆုံးမထားတာတွေ အများကြီးရှိပါတယ်။ လက်တွေ့နယ်ပယ်မှာကတော့ သည်းခံတယ်ဆိုကို လက်ခံနိုင်ဖို့က တော်တော်ခက်ခဲတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ 

ဗုဒ္ဓက လူဖြစ်လာရင် မဖြစ်မနေကြုံရမယ့် ဖြစ်စဉ် ၈ ခုရှိတယ်တဲ့၊ အဲ့ဒိဖြစ်စဉ်တွေကို ဒုက္ခလို့အမည်တပ် ထားပါတယ်။ (၁ ) မွေးဖွားလာရတဲ့ ဒုက္ခ၊ ( ၂ ) အိုမင်းရတဲ့ ဒုက္ခ၊ ( ၃ ) နာကျင်ရတဲ့ ဒုက္ခ၊ ( ၄ ) သေရတဲ့ ဒုက္ခ၊ ( ၅ ) ချစ်သောသူနဲ့ ကွေကွင်းရတဲ့ ဒုက္ခ၊ ( ၆ ) မချစ်မနှစ်သက်တဲ့သူနဲ့ နေရတဲ့ ဒုက္ခ၊ ( ၇ ) လို၍မရတဲ့ ဒုက္ခ နဲ့ ခန္တာကိုယ်ကြီး ရှိနေတဲ့ ဒုက္ခ တွေပဲဖြစ်ပါတယ်။ 

အဲ့ဒိဒုက္ခတွေကို ကျော်ဖြတ်ဖို့ကြိုးစားရင်း ကျနော်တို့ရဲ့ ဘဝတွေက တဖြည်းဖြည်းနဲ့ နေဝင်ချိန်ဆီကို ဦးတည်သွားခဲ့ရတာချည်းပါပဲ။ အဲ့လို ဒုက္ခဆိုတာ မလိုချင်လည်းရ၊ လိုချင်လည်း ရတဲ့ အရာပါ။ ဒုက္ခကို ကျော်ဖြတ်လို့ ရတဲ့ နည်းက ၂ နည်းပဲ ရှိပါတယ်။ ရောင့်ရဲမလား၊ သည်းခံစောင့်ဆိုင်းမလား ဆိုတာပါပဲ။ ရောင့်ရဲတယ်ဆိုက လက်ရှိဘဝကို လက်ခံကျေနပ်လိုက်တာပါ။ သည်းခံစောင့်ဆိုင်းတယ်ဆိုတာကတော့ ကိုယ့်ရဲ့ရည်မှန်းချက်အတွက် လက်ရှိဘဝကို စတေးနေတဲ့ သဘောပါပဲ။ သည်းခံတယ် ဆိုတာက အောင်မြင်မှုဆီကို ရောက်ဖို့အတွက် ပင်မလမ်းကြောင်းကြီးရဲ့ အစပါပဲ။  

အီလွန်မက်စ်က အထက်ပါခေါင်းစဉ်ကိုပြောပြီး နောက်ဆက်တွဲ စကားတစ်ခွန်းကို ထပ်ဆိုသွားပါတယ်။ သည်းခံခြင်းမှာ ခပ်ကြမ်းကြမ်း သင်ခန်းစာတွေ ပါပါတယ်တဲ့။ ဂရိစကားပုံ တစ်ခုမှာကလည်း ၁မိနစ်လောက် သည်းခံလိုက်တာက ၁၀နှစ်စာ အေးချမ်းဖို့အတွက် ဦးတည်သွားစေတယ်တဲ့။ ဒုက္ခတိုင်းအတွက် အကောင်းဆုံး ကုသဆေးက သည်းခံခြင်းပါပဲတဲ့။  အာနိုး အိတ်ချ် ဂလာဆောင်း ဆိုတဲ့ပုဂ္ဂိုလ်က သည်းခံခြင်းနဲ့ ပတ်သက်ပြီး ဘာပြောလဲဆိုတော့ သည်းခံတယ်ဆိုတာ ကြက်ဥကို အကောင်ပေါက်လာအောင်လုပ်ရသလိုပဲတဲ့၊ ပေါက်ခွဲ ပစ်လိုက်ဖို့ ၊ ပေါက်ကွဲ ပစ်လိုက်ဖို့မဟုတ်ဘူး လို့ပြောသွားပါတယ်။ 

တောင်အာဖရိကနိုင်ငံက ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာပေမဲ့ ကလေးဘဝမှာ ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင်ကို ကျောင်းသားချင်း နှိတ်စက်တဲ့ ကျောင်းမှာ တက်ခဲ့ရတယ်။ မိဘတွေ ကွဲသွားတော့ ကိုယ့်ကို မချစ်တဲ့ ဖခင်အောက်မှာ နေလိုက်တာရယ်၊ ဘာလုပ်လုပ် သူ့ကို အထင်မကြီးတဲ့ ပညာရေး အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့ရပေမဲ့ စိတ်ရှည်သည်းခံစွာနဲ့ အချိန်ကောင်းကိုစောင့်ခဲ့တယ်၊ ကြိုးစားခဲ့တယ် ။ အခုတော့ ကမ္ဘာ့ နံပါတ် ၁ သူဌေးကြီး ဖြစ်နေပါပြီ။ 


REF: Wiki

#News #MNP 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)