ဘာသာရေး ခေါင်းဆောင်တစ်ဦး လာတယ်ဆိုပြီးတော့ မြတ်စွာဘုရားကို လာရောက်ပြီးတွေ့ကြတဲ့ သဘောပဲ။ အဲဒီလိုတွေ့တဲ့အချိန်မှာ ကာလာမ လူမျိုးတွေက ဘာ လျှောက်လည်းဆိုတော့-
ရင်ထဲက သံသယ စကား
“အရှင်ဘုရားတဲ့ ဘာသာရေး ဂိုဏ်းအသီးသီးက ဘာသာရေးဆရာတွေဟာ ဒီဒေသကို ရောက်လာကြတယ်ဘုရား။ ရောက်လာတဲ့အခါ သူတို့ရဲ့ ဘာသာ တရား၊ သူတို့ရဲ့ အယူဝါဒ၊ ကောင်းကြောင်း ဟောပြော ကြပါတယ်။ တခြားအယူဝါဒတွေကိုတော့ ပြစ်တင် ရှုံ့ချကြတယ်ဘုရား။ အဲဒီတော့ တပည့်တော်တို့မှာ ဘယ်ဟာက မှန်တယ်၊ ဘယ်ဟာက မမှန်ဘူး ဆိုတာ သိဖို့ ခက်နေပါတယ်ဘုရားတဲ့။”
ဒီကနေ့ခေတ်မှာလည်း ဒီလို အခြေအနေပဲလေ။ လောကမှာ ဘာသာတရားတွေက တစ်ခုနဲ့တစ်ခု မတူ ကြဘူး။ မတူတဲ့ ဘာသာတရားတွေ ရှိနေတဲ့အထဲမှာ ဟိုဘာသာ ကိုးကွယ်ရနိုး၊ ဒီဘာသာ ကိုးကွယ်ရနိုး မဝေခွဲ နိုင်ကြဘူး။ ဟိုဘာသာက ကောင်းနိုးနိုး၊ ဒီ ဘာသာက ကောင်းနိုးနိုး၊ ဘယ်ဘာသာကို ရွေးချယ် ကိုးကွယ်ရမှန်း၊ ဘယ်ဘာသာရဲ့ အဆုံးအမကို လိုက်နာရမှန်း မသိ အောင် တချို့လူတွေမှာ အခက် ကြုံနေကြတာပါ။ ဒါ့ကြောင့် ဒီကနေ့ခေတ်မှာ ဘာသာမဲ့ ဆိုသူတွေ ပေါ်လာတာပေါ့။
ကေသမုတ္တရွာက လူတွေကလည်း ဒီလိုအခက်ကြုံနေလို့ မြတ်စွာဘုရားနဲ့ တွေ့တဲ့အခါ လျှောက်ကြတယ်။ လျှောက်တော့ မြတ်စွာဘုရားက - “အေး ဟုတ်တာ ပေါ့၊ အမှန်တရားဆိုပြီး အမျိုးမျိုး ပြောနေကြတယ် ဆိုတော့ ဘယ်ဟာမှန်သလဲ၊ ဘယ်ဟာမှန်သလဲ၊ ဘယ်ဟာမှားသလဲ ဆိုတာ သံသယ ဖြစ်စရာကြီးပေါ့တဲ့။”
ဘုရားက မ, တယ်
တလောက ဘုန်းကြီးဆီ ဒကာတစ်ယောက် ရောက်လာတယ်။ တချို့ပုဂ္ဂိုလ်တွေရဲ့ ဘာသာရေး အတွေးအမြင်ဆိုတာကို သူကလျှောက်တယ်။ တချို့ ဘာသာတရားက လိုက်နာဖို့ အင်မတန်ခက်တယ်။ တချို့ဘာသာက လိုက်နာဖို့ လွယ်တယ်ပေါ့။ လူဆိုတာ အများစုကတော့ အလွယ်ကြိုက်တယ်။
ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပြီး ဟောတယ်။ ကုသိုလ်ကံ အကုသိုလ်ကံ ဆိုတာရှိတယ်။ ကိုယ်လုပ်တာ ကိုယ်ခံရတယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးခံရတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး စံစားရတယ်။ ကိုယ်လုပ် ကိုယ်ခံပဲ။ ကိုယ်လုပ်မှ ကိုယ်ရတယ်။ ဗုဒ္ဓဘာသာတရားက မ, တာ ဆိုတာ မရှိဘူး။ ကယ်တင်တယ်ဆိုတာ မရှိဘူး။
တချို့ဘာသာက အဲဒီလို မဟုတ်ဘူး။ ဘုရားက မ,တယ်၊ ကယ်တင်တယ်။ လုပ်ချင်တာလုပ်၊ ဘုရားရှေ့ ဒူးထောက်ပြီးတော့ ဖြောင့်ဆိုချက် ဝန်ခံချက် (confession) လုပ်လိုက် တောင်းပန်လိုက်တာနဲ့ ဘုရားက ခွင့်လွှတ်တယ်။ အပြစ်တွေ အကုန် ပြေပျောက် သွားတယ်။ မတောင်းပန်ရင်တော့ ဘုရားက ဒဏ်ခတ်တယ်။ အလွန် လွယ်တာကို။
အဲဒီတော့ တချို့လူတွေက ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ဘယ်လို တွေးမိကြတုန်းဆိုတော့ ဗုဒ္ဓဘာသာ က ကိုးသာ ကိုးကွယ်ရတယ် ဘုရားက မ,လည်း မ, မဘူး။ ကိုယ်လုပ်တာ ကိုယ်ခံရမယ်ဆိုလို့ရှိရင် ကိုးကွယ် ရတာ အလကားပဲပေါ့။ မ,တဲ့ဘုရား ကိုးကွယ်ရတာ ပိုမကောင်းဘူးလားဆိုတဲ့ အတွေးမျိုးတွေ ဝင်လာကြတယ်ဘုရားတဲ့။
အဲဒါနဲ့ပတ်သက်ပြီး ဘုန်းကြီးက ပြောလိုက် တယ်။ အေး တကယ်ဟုတ်ရင်တော့ မ,တဲ့ဘုရား ကိုးကွယ်ရတာ ပိုကောင်းတာပေါ့။ မ, မဘဲနဲ့ မ, တယ် ထင်ပြီး ကိုးကွယ်ရင်တော့ ဒါ လူဖြစ်ရှုံးတာပဲ။ ဘုရားက မ,မယ်ထင်ပြီး ဘုရားအားကိုးနဲ့ လုပ်ချင်ရာလုပ်၊ အချိန် ကျလို့ရင် (confession) လုပ်လိုက်၊ ရှိတဲ့ အပြစ်တွေ အားလုံး ပျောက်တယ်ဆိုတာ သိပ်လွယ်တာပေါ့။ သူတို့ ပြောတဲ့အတိုင်း တကယ်ဖြစ်သလား၊ မဖြစ်ဘူးလား အလေးအနက် စဉ်းစားဖို့တော့လိုတယ်။ ပြောတဲ့ အတိုင်း ဖြစ်လာရင်တော့လည်း အားကိုးစရာ အလွန်ကောင်းတယ်။ မဖြစ်ရင်တော့ သွားရော။ ကိုယ်ကျိုး နည်းပါလေရော။
ဘုန်းကြီးက ဥပမာတစ်ခု ပြောပြတယ်။ လူတစ်ဦး ပြစ်မှုတစ်ခုကို ကျူးလွန်မိတယ်ဆိုပါစို့။ ကျူးလွန်မိတဲ့ အခါ ဥပဒေအရ အရေးယူခံရတယ်။ အဲဒီလို အရေးယူ ခံရတဲ့အခါမှာ ဘုရားထံသွားပြီး ဒီအပြစ်က ခွင့်လွှတ်ပါ ဆိုပြီး (confession) လုပ်လို့ ဘုရားကလည်း လက်ခံ လို့ လက်တွေ့မှာ အပြစ်က လွတ်သွားတာရှိသလား ဆိုတာ စဉ်စားရမယ်၊ တကယ်တော့ မရှိဘူးနော်။
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment