ပြည်မြို့၌ အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာရောက်ရှိလာသော ပြည်သူများအား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့၌ အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာရောက်ရှိလာသော ပြည်သူများအား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေများ ပေးအပ်











ပြည်၊ ဖေဖော်ဝါရီ ၁၆

 ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ (၁၅)ရက်နေ့၊ နံနက်ပိုင်းက အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာရောက်ရှိလာသော ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခင်အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ခြင်းမရှိသည့်အပြင် နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်မှ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် နိုင်ငံတော်၏ တာဝန်များကို ခေတ္တခဏထိန်းသိမ်းဆောင်ရွက်ခဲ့ရ သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ယင်းအခြေအနေတွင် တရားမဝင်အဖွဲ့များဖြစ်သည့် CRPH, NUG နှင့် PDF အဖွဲများကို ဖွဲ့စည်းကာ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်များကို ရွေးချယ်ခဲ့ပြီး အချို့သော EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အကူအညီရယူ၍ ပြည်သူများ၏ အသက်အိုးအိမ်များကို ထိပါးလာသည်ကို တွေ့မြင်နေရကြောင်း၊ အကြမ်းဖက် PDF အမည်ခံအဖွဲ့နှင့် အချိုသော EAO အဖွဲများ၏ လုပ်ဆောင်မှုကြောင့် တိုင်းရင်းသားဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသ ဖွံဖြိုးတိုးတက်ရေးတို့ကို ထိခိုက်လာသည်ကို တွေ့မြင်နေရကြောင်း၊ ကျောင်းနေရွယ် ကျောင်းသား/သူများ သင်ကြားမှု အခွင့်အလမ်းများ များစွာထိခိုက်နစ်နာခြင်း၊ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ ထိခိုက်နစ်နာခဲ့သည့် ပြည်သူလူထုအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ တစ်ဦးလျှင် လစဉ်(၂)သောင်းနှုန်း ထောက်ပံ့ချီးမြှင့်ရန် လမ်းညွှန်ချက်အရ လာရောက်ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ထိခိုက်နစ်နာခဲ့သည့် ယာယီတိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခြင်းသည် နိုင်ငံတော်အစိုးရ၏ စေတနာပင်ဖြစ်ကာ အကြမ်းဖက်မှုကိစ္စရပ်များ အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေး ပြည်သူလူထုများအနေဖြင့် အစိုးရ၊ တပ်မတော်၊ ရဲတပ်ဖွဲ့တို့နှင့်အတူ ဝိုင်းဝန်းပူးပေါင်း တိုက်ဖျက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၊ ပြည်ခရိုင်အတွင်း  ယာယီတိုက်ပွဲရှောင်ပြည်သူ(၂၁၉၂)ဦး၊ နတ်တလင်းခရိုင်အတွင်း ယာယီတိုက်ပွဲရှောင်ပြည်သူ(၁၇၂၆)ဦးနှင့် သာယာဝတီခရိုင်အတွင်း ယာယီတိုက်ပွဲရှောင်ပြည်သူ(၉၄၇)ဦး စုစုပေါင်းယာယီတိုက်ပွဲရှောင်ပြည်သူ (၄၈၆၅)ဦးအတွက် တစ်လစာငွေကျပ်(၉၇၃)သိန်းအား ပေးအပ်ခဲ့ရာ ယာယီတိုက်ပွဲရှောင်ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် ယာယီနေရပ်စွန့်ခွါပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

#News #MNP 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)