မုံရွာ၊ ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ဒေသခံတောင်သူများ နွေစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သွင်းအားစု(ဓါတ်မြေဩဇာနှင့်လက်ဆွဲမျိုးစေ့ကိရိယာ) တောင်သူများသို့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့နယ်၊ စိမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်နိုင်ရေး၊ လယ်ယာကဏ္ဍကုန်ထုတ်စွမ်းအားများ မြင့်မားလာစေရေး၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေးနှင့် ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသည့် စားရေရိက္ခာများ ထုတ်လုပ်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူကြီးများအနေဖြင့်လည်း မိမိတို့လုပ်ငန်းများ အောင်မြင်ရေးအတွက် ရာသီအခါမီ အားသွန်ခွန်စိုက်ကြိုးစားလုပ်ဆောင် သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း တောင်သူကြီးများ၏ လိုအပ်ချက်များအား တက်နိုင်သမျှ ဖြည့်ဆည်းကာ တိုင်းဒေသကြီး၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက နွေစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သိကောင်းစရာများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့ရှိ ဒေသခံတောင်းသူများအား ဓါတ်မြေဩဇာ ၃၀၀ အိတ်နှင့် လက်ဆွဲမျိုးစေ့ကိရိယာ ၁၅၀ လက်တို့အား အသီးသီးပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်ခံနှုတ်ဆက်ခဲ့ကြပြီး လက်ဆွဲမျိုးစေ့ကိရိ ယာများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် MSMEs လုပ်ငန်းများဆောင်ရွက်နေသည့် ကန့်ဘလူမြို့၊ ရပ်ကွက် ၅ ရှိ ဦးတေဇာမျိုး၏ စက်ရက်ကန်း၊ လက်ရက်ကန်းလုပ်ငန်းနှင့် ရပ်ကွက် ၃ တို့ရှိ “ကမ္ဘာ ကျော်” ဆန်စက်နှင့် “ကျွန်းတောမိသားစု” ဆီစက်များသို့ ရောက်ရှိရာ သက်ဆိုင်ရာလုပ်ငန်းရှင်များမှ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများအား လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ လုပ်ငန်းခွင်များအတွင်း လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment