နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသော တပ်မတော်စခန်းသို့ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ် ခန့်တွင်ကလေးခရိုင်၊ PDFအမည်ခံအကြမ်းဖက်အဖွဲ့ တပ်ရင်း(၉)မှ တပ်စိတ်မှူး အဆင့်ရှိသူ ဖိုးသင်္ကြန်(ခ) တန်ခူး(ဘ)ဦးချစ်ဖေ သည် ၎င်းကိုင်ဆောင်သည့် Type-81 သေနတ် ၁ လက်၊ ၎င်းကျည် ၁၂၅ တောင့်၊ ကျည်အိမ် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ ဥပဒေ ဘောင်အတွင်းဝင်ရောက်လာကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူအား စစ်ဆေးမေးမြန်း ချက်အရ ၎င်းသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်မှ မတ်လ ၂၁ ရက်အထိမော်လိုက်မြို့နယ်၊ အုတ်ဖိုကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၃၅၀ ခန့် အကွာနေရာရှိ ကလေးခရိုင်၊ PDFအမည်ခံအကြမ်းဖက်အဖွဲ့ တပ်ရင်း(၉) စခန်း ဟောင်း၌ အကြမ်းဖက်သင်တန်းအား တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းဆင်းပြီးနောက် အဆိုပါစခန်းဟောင်း၌ လူနေတဲများဆောက်လုပ်ခြင်း၊ ဆက်သွယ်ရေးမြောင်းများတူးဖော်ခြင်းနှင့် အထွေထွေတာဝန်များထမ်းဆောင်ခဲ့ ရပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလခန့်တွင် ဒုတပ်စိတ်မှူးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရကြောင်း၊ ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ၎င်းအပါအဝင် အဖွဲ့ဝင် ၃ ဦးသည် ကလေးဝမြို့နယ်၊ ကျွဲနန်ကျေးရွာ၏တောင်ဘက်ရှိ တောင်ယာတဲတွင် နေထိုင် လျက်ရှိသော PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား ၃၀ ဦးခန့်ရှိ အဖွဲ့ထံ သွားရောက်ပူးပေါင်း နေထိုင်ခဲ့ပြီး ချင်းတွင်းမြစ်အတွင်း၌ တပ်မတော်ရေယာဉ် များ ဖြတ်သန်းသွားလာခြင်း ရှိ/မရှိအား စောင့်ကြည့်ခြင်းများ လုပ်ဆောင်ခဲ့ရကြောင်း၊ ထိုမှတစ်ဆင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်တွင် ခေါမကျေးရွာ ၏ အနောက်မြောက်ဘက်ရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား ၅၀ ဦးခန့် နေထိုင်သည့် စခန်းသို့ လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်နေထိုင်သည့် ကလေးဝ-အောင်ချမ်းသာ ကားလမ်းဘေး၊ ထန်းတပင်ကာကင်းစခန်းသို့ လည်းကောင်း အဆင့်ဆင့်ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း၊ ၎င်းအနေဖြင့် အကြမ်းဖက်အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိစဉ် PDFအကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထု အပေါ် အနိုင်ကျင့် ဆက်ကြေးကောက်ခံနေမှု၊ လက်နက်အားကိုးဖြင့်အနိုင်ကျင့် မှု၊ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်နေမှုတို့အား သိမြင်လာခဲ့ပြီး အဆိုပါလုပ်ရပ်များအား မနှစ်သက်ခြင်း၊ ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံ ခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်/ခဲယမ်းများ နှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူအား ကလေးတပ်နယ်မှ တာဝန်ရှိသူများက နွေးနွေးထွေးထွေးကြိုဆိုလက်ခံခဲ့ကြပြီး လိုအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များအားလုံး အဆင်ပြေစေရေး ဖြည့်ဆည်းဆောင်ရွက်ပေး ထားကြောင်းနှင့် ၎င်းနှင့်၎င်းမိသားစုဝင်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက်လည်း လိုအပ်သည့် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment