ဂျာမဏီ အဓိပတိ အပြောင်းအလဲရှိနေ၊ ကွန်ဆာဗေးတစ်များ အောင်ပွဲခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျာမဏီ အဓိပတိ အပြောင်းအလဲရှိနေ၊ ကွန်ဆာဗေးတစ်များ အောင်ပွဲခံ


ဖေဖော်ဝါရီ - ၂၄ ( တနင်္လာနေ့ ) 

ဒီကနေ့ ဂျာမဏီမှာ ရွေးကောက်ပွဲ ပြုလုပ်နေရာ ကွန်ဆာဗေးတစ် ( ရှေးရိုးစွဲ ) ပါတီဖြစ်တဲ့ ခရစ်ရှန်ဒီမိုကရက်တစ်သမဂ္ဂ ( CDU )နဲ့ ၎င်းရဲ့ ညီမ ပါတီဖြစ်တဲ့ ခရစ်ရှန်ဆိုရှယ်သမဂ္ဂ ( CSU ) တို့က လက်ရှိဂျာမန် အဓိပတိ အိုလက်ဖ်ရှိုးဇ် ရဲ့ ပါတီဖြစ်တဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ( SDP ) ကိုကျော်ဖြတ်ပြီး အနိုင်ရရှိသွားပါတယ်။ 

ဒီကနေ့ ဂျာမဏီနိုင်ငံရဲ့ ထိပ်တန်းရွေးကောက်ပွဲဆိုင်ရာအဖွဲ့မှ ထုတ်ပြန်သော ပဏာမရလဒ်များအရ CDU နှင့် CSU တို့သည် ထောက်ခံမဲ ၂၈.၆ % ရရှိခဲ့ပါတယ် ။ ဒါကြောင့် CDU ခေါင်းဆောင် ဖရိုင်ဒရစ်မားဇ်က နောက်ထပ် အဓိပတိဖြစ်လာဖွယ်ရာရှိနေပါတယ်။  AFD ၂၀.၈ % ထောက်ခံမဲရရှိပြီး SDP က ၁၆.၄ % ဖြင့် တတိယ နှင့် Greens က ၁၁.၆ % ဖြင့် စတုတ္ထနေရာတွင် ရပ်တည်ခဲ့ပါတယ်။ 

ဂျာမဏီက AFD ပါတီက ဒုတိယ လိုက်ခဲ့ပေမဲ့ အရင်ကထက်စာရင် ပါတီကို ထောက်ခံတဲ့ အင်အား ၂ ဆ မက တိုးတက်လာတာကိုတွေ့ရပါတယ်။ တိုင်းပြည်အတွင်းမှာ အပြောင်းအလဲလိုလားတဲ့ ဦးရေများပြားလာတဲ့ သဘောပါပဲ။ ပါတီရဲ့ မူဝါဒက ရွှေ့ပြောင်းတွေ တိုင်းပြည်ထဲကိုဝင်လာတာကိုဆန့်ကျင်တဲ့ မူဝါဒ ဖြစ်ပါတယ်။ 

တနင်္ဂနွေနေ့ညက X ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ ပို့စ်တစ်ခုတွင် မားဇ် က "ဂျာမန်လူဦးရေတစ်ခုလုံးကို ကိုယ်စားပြုပြီး ကျနော်တို့ရဲ့တိုင်းပြည် ပြဿနာများကို ဖြေရှင်းပေးမည့် အစိုးရဖွဲ့ရန် ကြိုးစားနေပါတယ်" လို့ကတိပြုခဲ့ပါတယ်။ လာမယ့် အီစတာကာလတွင် ဂျာမနီအစိုးရသစ် တက်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ 


REF: RT

#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)