ဖေဖော်ဝါရီ - ၂၄ ( တနင်္လာနေ့ )
တောင်အာဖရိကမှာ ၂၁ ရက်နေ့ကနေ စပြီးကျင်းပခဲ့တဲ့ စက်မှုထိပ်သီး နိုင်ငံ ၂၀ ( G20 ) ရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မတက်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို တောင်အာဖရိက သမ္မတ ဆိုင်ရေးရမ်မာဖိုဆာက ပြစ်တင်ရှုံ့ချလိုက်ပါတယ်။
လက်ရှိကျင်းပနေတဲ့ အစည်းအဝေးတွေက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို အမေရိကန်တွေဘက်က လိုက်နာနိုင်မယ်လို့ မျှော်လင့်ကြောင်း နဲ့ အစည်းအဝေးက မတော်တဆဖြစ်သွားတဲ့ ကိစ္စမဟုတ်ကြောင်း ပြောသွားပါတယ်။
“အမေရိကန်က ဒီမှာ ကိုယ်စားပြုနေတုန်းပါပဲ၊ သူတို့က G20 ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဤနေရာတွင် ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် ၎င်းတို့ ပါဝင်မှု ရှိကိုရှိနေပါမယ်။ ဒါကြောင့်ကျနော်တို့ ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေက အမေရိကားကို သပိတ်မှောက်တာ မဟုတ်ပါဘူး” လို့ ဂျိုဟန်နက်စ်ဘတ်မြို့ရှိ နာစရက် ပို့ကုန်ပြခန်းစင်တာတွင် အစည်းအဝေး ပြင်ပ သတင်းစာရှင်းလင်ပွဲမှာ ဆိုသွားပါတယ်။
ရမ်မာဖိုဆာက တောင်အာဖရိက၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်တဲ့ အမေရိကန်၏ အရေးကြီးမှုကို အလေးပေးခဲ့ပြီး နှစ်နိုင်ငံကြား ကျယ်ပြန့်သော နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် သံတမန်ရေးရာ အပြန်အလှန် ဆက်ဆံမှုများကို သတိပြုမိစေခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားဖို့ တောင်အာဖရိက က ကတိကဝတ် ပြုထားကြောင်း၊ အရာရာတိုင်းကို ကျနော်တို့ သဘောမတူနိုင်ပေမယ့် အတူတကွ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ ကတိကဝတ်ပြုထားကြောင်း၊ မြေယာပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှုများကို သံတမန်နည်းအရ ဖြေရှင်းမည်ဖြစ်ကြောင်း ရမ်မာဖိုဆာက ဆိုသွားပါတယ်။
REF: RT
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment