ကမ္ဘာ့ရွှေဈေး စံချိန်တင် မြှင့်တက်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့ရွှေဈေး စံချိန်တင် မြှင့်တက်ခဲ့


ဖေဖော်ဝါရီ - ၉ ( တနင်္ဂနွေနေ့ ) 

အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှုကို အစပြုပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲအတွက် စိုးရိမ်သောကရောက်နေကြတဲ့ ရင်းနှီးမြှုပ်နှံသူများနဲ့ လုံခြုံစိတ်ချရသော ပိုင်ဆိုင်မှုများကို ရှာဖွေလာ ကြသောကြောင့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရွှေဈေးများ သမိုင်းဝင် စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ 

ရွှေ ၁ အောင်စလျှင် ၂,၈၅၈.၁၂ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး  ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အဲ့ဒိနေ့က ဝ.၅ ရာခိုင်နှုန်း တိုးလာခဲ့ပြီး အမေရိကားရဲ့ ရွှေဈေးကလည်း ကန်ဒေါ်လာ ၂၈၈၄.၆ ဖြင့် ပိတ်ကာ ဝ.၃ % တက်ခဲ့ပါတယ်။ 

ရွှေဈေးတက်လာတဲ့ အကြောင်းက အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေး တင်းမာမှုများ တိုးမြင့်လာခြင်းကြောင့် ဖြစ်နိုင်တယ်လို့ လေ့လာသူများက သုံးသပ်ကြပါတယ်။ အင်္ဂါနေ့တုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ထပ် တရုတ်သွင်းကုန်အားလုံး အပေါ် ၁၀% စည်းကြပ်ခွန်စတင်ခဲ့ပြီးနောက် နောက်နေ့မှာပဲ ရွှေဈေးက စတက်ခဲ့တာပါ။

လက်ရှိအခြေအနေကို သက်သာစေရန်အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးဖို့ အလျဉ်မလိုဘူးလို့လည်း ထရမ့်က ပြောပါတယ်။  

“အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲရဲ့ အလားအလာရှိတဲ့ စီးပွားရေးအကျိုးဆက်တွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ကမ္ဘာလုံးဆိုင်ရာ ဆုတ်ယုတ်မှုနဲ့ ငွေကြေးဖောင်းပွမှုကို ကြောက်ရွံမှုဖြစ်လာစေပါတယ်” လို့ ဂျာမဏီက ဟာရီယက် သတ္တုကုမ္ပဏီက ကုန်သွယ်မှုအကြီးအကဲ ဒေါ်မနစ် စပါဇယ် က ပြောသွားပါတယ်။  

ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲဖြစ်လာမှာကို စိုးရိမ်တာကြောင့် ဒီနှစ်ထဲမှာပဲ ရွှေဈေးက ၈ % ကျော်ခုန်တက်ခဲ့ပြီး စံချိန်တင် အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ လန်ဒန်မှာလည်း ကာလတို ရွှေချေးယူမှုကုန်ကျစရိတ်ကြောင့် မြိုတော်ရဲ့ ကုန်သွယ်မှုဈေးကွက်တွင် ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ပါတယ်။ 

ထရမ့်ရဲ့ အကောက်ခွန်မှု ရဲ့ အကျိုးသက်ရောက်မှုကို မျှော်လင့်ထားသည့်အတွက် ကုန်သည်များက အမေရိကန်သို့ တင်ပိုမှုများကို အရှိန်မြှင့်ခဲ့ပါတယ်။  StoneX မှ လေ့လာဆန်းစစ်သူ ရိုနာအိုကော်နယ်က "ရွှေက အဝယ်လွန်နေတယ်။ အဲ့ဒါကို ပြုပြင်ဖို  လိုအပ်ပါတယ်။ နောက်ထပ် အတက်အကျ ကတော့ ရှိကောင်းရှိနိုင်ပေမဲ့ ဒီနှစ်ထဲမှာတော့ အတက်ပဲ ရှိမယ်လို့ ကျနော်မျှော်လင့်ပါတယ်" လို ဆိုသွားပါတယ်။ မြင့်မားသော ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ပြီးခဲ့တဲ့နှစ်က စတုတ္ထသုံးလပတ်အတွင်းမှာ ဗဟိုဘဏ်ဝယ်ယူမှုများ တိုးလာခဲ့ပြီး  ကမ္ဘာ့ရွှေဝယ်လိုအားသည် ၂၀၂၄မှာ စံချိန်တင်၄၉၇၄.၅ မက်ထရစ်တန်အထိ ၁% မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။ 


REF - RT 

#MNP #News #International

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)