နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာ -ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအလုပ်အမှု ဆောင်အဖွဲ့ ဥက္ကဋ္ဌ Mr.Alexander SHPAKOVSKY သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြား ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ နှုတ်ဆက်သည်။
ဦးစွာ မြန်မာလက်ရွေးစင် ပုံပြင်များနှင့် (၃၈) ဖြာမင်္ဂလာပုံပြင်များ (ရုရှား / မြန်မာဘာသာ) စာအုပ်များ၊ ဘယ်လာရုစ်နိုင်ငံ တေးရေးမှ ရေးစပ် ထားသည့် မြန်မာနိုင်ငံအကြောင်း သီချင်းလေးပုဒ်တို့ကို မြန်မာ - ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ က ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်လှူဒါန်းသည်။
ထို့နောက် မြန်မာ - ဘယ်လာရုစ်ပူးပေါင်းဆောင် ရွက်မှုဖွံ့ဖြိုးတိုးတက်ရေး အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌက စာအုပ်များပေးအပ် လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး မြန်မာ - ဘယ်လာရုစ်နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်းဆောင် ရွက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment