တနင်္သာရီ၊ ဖေဖော်ဝါရီ ၆
ကျောင်းနေအရွယ်ကလေးငယ်များအား အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု အောက်ကင်းအရှေ့ရွာ အခြေခံပညာမူလတန်းကျောင်းရှိ KG အတန်းမှ Grade-5 အတန်းအထိ ကျောင်းသူ/သား (၉၃)ဦး တို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အလှူရှင်မိသားစုက ထပ်ဆောင်းပူးပေါင်း၍ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က (တတိယ) အကြိမ်၊ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် အာဟာရများကို ကျေးမွေးပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အ.မ.က-အောက်ကင်းအရှေ့ကျောင်းရှိ KG အတန်းမှ ကျောင်းသူ/သား(၉)ဦးကိုသာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (တတိယ)အကြိမ်အဖြစ် အာဟာရပြည့်ဝမျှတ၍ ကျန်းမာရေးနှင့် ညီညွတ်မှုရှိသော ထမင်း၊ သီးစုံပဲကုလားဟင်း၊ ကြက်သားကြော်နှင့် ကြက်ဥပြုပ်တို့ကို ကျွေးမွေးရန် အစီအစဉ်ရှိသော်လည်း အောက်ကင်းအရှေ့ရွာမှ အလှူရှင် ဦးစည်သူ မိသားစုက Grade-1 မှ Grade-5 အတန်းအထိ ကျောင်းသူ/သား(၈၄)ဦးကိုပါ ကျောင်းသား/သူအားလုံးတို့ကို အာဟာရများ ထပ်ဆောင်းလှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျောင်းသူ/သားများကို အာဟာရများကျွေးမွေးစဉ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမများ၊ လ/ထမြို့နယ်ပညာရေးမှူး ဦးဇင်မင်းလတ်၊ အ.မ.က-အောက်ကင်းအရှေ့ ကျောင်းအုပ် ဆရာကြီး ဦးကျော်စိုးအောင်နှင့် ဆရာ/မများ၊ ထပ်ဆောင်းအလှူရှင် ဦးစည်သူနှင့် ကျောင်းသား/သူများ၏ မိဘများက လိုက်လံအားပေးကြည့်ရှုခဲ့ကြသည်။
အလှူရှင် ဦးစည်သူက ကလေးတွေကို အာဟာရကျေးမွေးပေးခြင်းအားဖြင့် ကလေးတွေဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုတွေရှိလာမယ်။ ကလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုရှိခြင်းအားဖြင့် နောင်အနာဂတ်ရဲ့ သားကောင်း/သမီးကောင်းနိုင်ငံရဲ့ ရတနာကောင်းများ ထွက်ပေါ်လာမှာဖြစ်ကြောင်း ပြောကြားသည်။
နန်းသာရီ - ထိန်ဝင်း
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment