ပေါင်၊ ဖေဖော်ဝါရီ ၇
မွန်ပြည်နယ်၊ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျေးရွာသစ်လှုပ်ရှားမှုမွမ်းမံ (အွန်လိုင်း)သင်တန်းဆက်လက်ဖွင့်လှစ်ခြင်းကိုယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီဌာနအနေဖြင့် နေပြည်တော် AERDTC သင်တန်းကျောင်းမှ Virtual Online စနစ်ဖြင့် ကျေးရွာသစ်လှုပ်ရှားမှု မွမ်းမံသင်တန်းကို မြို့နယ်အတွင်းရှိ အဟောက်၊ ဥက္ကံ၊ ကော့ထော်၊ ဒေးကင်း၊ ကဒိုင် ကျေးရွာများမှ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကော်မတီဝင်များ မှကျေးရွာ (၁)ရွာလျှင် (၂)ဦးစီးဖြင့် (၁၀)ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှကြီးကြပ် (၂)ဦး စုစုပေါင်း (၁၂)ဦး က AERDTC သင်တန်းကျောင်း နေပြည်တော်မှ ဆရာ (၁၁)ဦး ၊အဖွဲ့လိုက် ကြီးကြပ် (၅)ဦးတို့ဖြင့် (၅)ရက်ကြာ သင်ကြားပြသသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို မြန်မာဆယ်မားအူးအွန်ဒုံ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကျေးရွာကော်မတီဝင်များ၏ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မွန်မလေး
#News #MNP
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment