နေပြည်တော်၊ ဖေဖော်ဝါရီ ၇
နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်မှုနှင့် အခြားဒုစရိုက်လုပ်ငန်းများကို နှိမ်နင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ မေးမြန်းမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့ စစ်မှုထမ်းများကို ဆင့်ခေါ်ရန်အစီအစဉ် မရှိသေးကြောင်း ပြောကြားထားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း က "ပြည်သူ့စစ်မှုထမ်းဥပဒေမှာရော နည်းဥပဒေမှာရော အမျိုးသမီး အသက်ဘယ်လောက်၊ အမျိုးသားအသက်ဘယ်လောက်ဆိုတာ ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒါကိုမူတည် ပြီးတော့ အမျိုးသမီးများကို ခြိမ်းခြောက်နေတာမျိုးတွေရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့အတိအလင်းပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့ စစ်မှုထမ်းများကို ဆင့်ခေါ်ရန်အစီအစဉ် မရှိသေးကြောင်း ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။" ဟု ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်လှုံ့ဆော်သူများအနေနဲ့ ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင်၊ ကြောက်လန့်အောင် လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာနိုင်စေရေး ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Website ၊ webportal ၊ ဥပဒေရေးရာဝန်ကြီးဌာနရဲ့ Website ၊ webportal နဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ Website ၊ webportal ၊ မြဝတီ webportal ၊ Myanmar National portal တို့မှာ ဖတ်ရှုလေ့လာနိုင်ကြောင်း၊ ဒါ့အပြင် ပြည်သူ့စစ်မှုထမ်း ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စတွေနဲ့စပ်လျဉ်းပြီး စုံစမ်းမေးမြန်း တာတွေ မသမာမှုများနဲ့ပတ်သက်ပြီး တိုင်ကြားခြင်းတွေကို တိကျစွာဆက်သွယ် သတင်းပေးပို့ နိုင်ကြောင်းနှင့် မမှန်မကန်သတင်းပို့ခြင်း၊ တိုင်းကြားခြင်းများပြုလုပ်ပါက ဖော်ထုတ်ပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားတာကို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ Update ပြုလုပ်ပေးထားတဲ့ ဖုန်းနံပါတ်များကို ဖော်ပြထားပြီးဖြစ်ကြောင်း၊ သတင်းပေး တိုင်ကြားခဲ့လို့လည်း မသမာမှုများနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းပြောဆိုထားသည်။
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment