မအူပင်၊ ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီး၌ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ တွေ့ဆုံပွဲကို ၁၅-၂-၂၀၂၅ ရက်နေ့က အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်မှ ဆေးရုံကြီးနှင့်ပတ်သက်၍ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များအား ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးရုံတွင်းရှိ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများနှင့် CT Scan ခန်းများအားကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူနေသူများအားရင်းရင်းနှီးနှီး တွေ့ဆုံအားပေး ခဲ့သည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်း ကျေးရွာရှိ မအူပင်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနရုံးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်နှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မအူပင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်
https://t.me/MyanmarNationalPost

No comments:
Post a Comment