ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကလောမြို့နယ်အတွင်း သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကလောမြို့နယ်အတွင်း သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


ကလော၊ ဖေဖော်ဝါရီ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ၅-၂-၂၀၂၅ ရက်နေ့က ကလောမြို့နယ် ကလောဘူတာအနီးတွင် သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် ကလောချောင်း မူလနယ်နိမိတ်မြေတိုင်းတာပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကလောချောင်းဘေးမြေကာနံရံ ကိုးပေအမြင့် ဆောင်ရွက်နေမှု၊ ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသော ရေအေးကန်ရေပေးဝေရေး ပိုက်လိုင်းများ ပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ ရေအေးကန်သွားလမ်းနှင့် တမံချဉ်းကပ်လမ်းပြင်ဆင်ဆောင်ရွက်မှု၊ ရာဂီ မုန်တိုင်းဒဏ်ကြောင့် ကလောမြို့မောမြေဦးပန်းခြံအတွင်း ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ထားရှိမှု မှတ်တမ်းများ ဓာတ်ပုံများကို ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ကလောမြို့နယ် ရွှေမင်းဖုန်းကျေးရွာတွင် သဘာဝဘေးဒဏ်ကြောင့် လျှိုအတွင်း ရေထွက်ပေါက်မရှိဘဲ ထူးပေါက်ပိတ်ဆို့မှုကြောင့် ရေစီးဆင်းနိုင်ရန် ရေနုတ်မြောင်းတူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးရာ ဒေသခံများက ရေအမြန်ကျဆင်းစေရေးအတွက် ရေမြောင်းတူးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)