ဘီးလင်း၊ ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ တောင်ကလေးကျေးရွာအနီးတွင် လမ်းဘေးဈေးဝယ်နေသည့် ပရိုဘောက် ယာဉ်မောင်းကို ၆ ဘီးယာဉ်မှ ဝင်တိုက်ရာမှ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၅ ရက် နံနက် ၇ နာရီ ၃၀ အချိန်က ပရိုဘောက်မှ ယာဉ်မောင်းဖြစ်သူအမျိုးသား ဈေးဆင်းဝယ်စဉ် ကုန်ကား ၆ ဘီးယာဉ်မှ လမ်းဘေးတွင် ရပ်ထာ းသည့် ပရိုဘောက်ယာဉ်ကို အရင်တိုက်မိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ထို့နောက် လမ်းဘေးတွင် ဈေးဆင်းဝယ်နေသည့် ပရိုဘောက်ယာဉ်မောင်းဖြစ်သူကို ထပ်မံ တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယာဉ်တိုက်မှုကြောင့် ပရိုဘောက်ယာဉ်မောင်းဖြစ်သူအမျိုးသားမှာ သေဆုံးသွားခဲ့ပြီး ၆ ဘီးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ဖြစ်သူမှာ မှန်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ ပရိုဘောက်ယာဉ်မောင်းအမျိုးသား၏ ရုပ်အလောင်းကို ဘီးလင်းဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ပြီး ကုန်ပစ္စည်းများတင်ဆောင်လာသည့် ၆ ဘီးယာဉ်မောင်းကို ဘီးလင်းမြို့မရဲစခန်း၌ စစ်ဆေးဆောင်ရွက်နေကြောင်း ရာမညတိုင်းမ် သတင်းအေဂျင်စီ မှ ဖော်ပြထားသည်။
#MNP #News
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment