မကွေး၊ ဖေဖော်ဝါရီ ၅
ပေါက်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ ကုက္ကိုလ်စုရွာ အနီး တောထဲတွင် အကြမ်းဖက် စခန်း ၁ ခုရှိကြောင်း ယမန်နေ့ (၄-၂-၂၀၂၅) ရက်နေ့က ကုက္ကိုစုရွာသားများက သတင်းပေးပို့လာခြင်းကြောင့် သွားရောက်ရှင်းလင်း ခဲ့ကြောင်း သိရသည်။
သတင်းပေးမှုအရ နယ်မြေရှင်းလင်းရေးအဖွဲ့သည် ကုက္ကိုစုရွာအနီး မီတာ ၈၀၀ ခန့်အကွာရှိ တောတန်းနေရာမှာ အကြမ်းဖက်စခန်း ၁ ခုအား တွေ့ရှိရှင်းလင်းနိုင်ခဲ့ပြီး -
(၁) Drone (Hexa အမျိုးအစား) ၂ စီး၊
(၂) Fixed Wings Drone ၁ စီး
(၃) လုပ်သေနတ် ၈ လက်
(၄) Drop Bomb ၁၀ လုံး
(၅) စကားပြောစက် ၁ လုံး
(၆) Drone Controller ၁ ခု
(၇) M-14 နင်းမိုင်း ၃ လုံး
(၈) လက်လုပ်ကားမိုင်း ၃ လုံး
(၉) Drone Battery အပို ၃ လုံး
(၁၀) Drone Charger ၂ လုံး
(၁၁) မီးစက် (22 Hp) ၁ လုံး
(၁၂) တဲ ၉ လုံး
(၁၃) ကျည်ကာအင်္ကျီ ၈ ထည် တို့အား သိမ်းဆည်းရရှိခဲ့သည်။
အကြမ်းဖက်သမားများ ထွက်ပြေးတိမ်းရှောင်သွားခြင်းကြောင့် ထိတွေ့မှု ဖြစ်ပေါ်ခဲ့ခြင်း မရှိကြောင်း သိရသည်။
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment