မြန်မာနိုင်ငံဘက်ရှိ နယ်စပ်မြို့များအား ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံဘက်ရှိ နယ်စပ်မြို့များအား ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်





မြဝတီ၊ ဖေဖော်ဝါရီ ၅

မြဝတီနှင့် ဘုရားသုံးဆူမြို့အပါအဝင် ထိုင်း - မြန်မာနယ်စပ်တစ်လျှောက်ရှိ နယ်စပ်မြို့များအား ယနေ့ နံနက်ပိုင်းမှစ၍ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးဖြစ်ကြောင်း သိရသည်။

ထိုင်း - မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများအား တိုက်ဖျက်ရန်အတွက် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီး၊ အင်တာနက်လိုင်းနှင့် လောင်စာဆီများ ဖြတ်တောက်ရန်အတွက် ဖေဖော်ဝါရီ ၄ ရက်က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး နှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) တို့ အစည်းအဝေးအတွင်း ဆုံးဖြတ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၅ ရက် မြန်မာစံတော်ချိန် နံနက် ၈ နာရီခွဲအချိန်ခန့်မှစတင်ကာ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတောင်ထန် ရှင်နာဝပ်ကလည်း ထိုင်း - မြန်မာနယ်စပ်တွင်လုပ်ကိုင်နေကြသည့် ငွေလိမ်ဂိုဏ်းလုပ်ငန်းများအား လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီ ချက်ချင်းဖြတ်တောက်ရန် အတည်ပြုလိုက်ပြီးဖြစ်ကြောင်းလည်း ထိုင်းသတင်းများက ဖေဖော်ဝါရီ ၄ ရက်က ဖော်ပြထားသည်။

လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီများ ဖြတ်တောက်မည့် ထိုင်း - မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းရှိ မြို့များမှာ ကရင်ပြည်နယ် မြဝတီမြို့၊ ဘုရားသုံးဆူမြို့၊ မိုင်းတုံနှင့် တာချီလိတ်မြို့တို့ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။


#MNP #News #International

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)